ရွက်မွန်စာမျက်နှာ

Thursday, October 4, 2007

မြန်မာပြည်အရေးအတွက် ဖိအားပေးနိုင်တဲ့တနည်း

နိုင်
ငံတကာက မြန်မာပြည်က ကျောင်းသာသံဃာတွေကို ဖိနှိပ်သတ်ဖြတ်ချေမှုန်းနေတဲ့ ကိစ္စတွေကို မခံရပ်နိုင်သူ မိတ်ဆွေ တွေက မြန်မာပြည်သူတွေကို ကူညီနိုင်တဲ့ နည်းလမ်းလေးတခု ပြောလာခဲ့ပါတယ်။

ကိစ္စကတော့ မြန်မာနိုင်ငံအရေးပါ အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံက ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ကိစ္စတွေ၊ မြန်မာ စစ်အစိုးရအပေါ်မှာ စီးပွားရေးအကျိုးအမြတ်ကို ကြည့်လို့ ဆက်လက်ထောက်ခံနေတဲ့ကိစ္စတွေ မြင်နေကြရပါတယ်။ အဲသည်တော့ တရုတ်နိုင်ငံအတွက် ဖိအားသက်ရောက်စေနိုင်တဲ့ ကိစ္စတခုကို စလုပ်ဆောင်ဖို့ နှိုးဆော်လာခြင်းပါပဲ။ ဒီအဆင့်က တရုတ်ပြည်က ၂၀၀၈ အိုလံပစ်ပွဲကို သပိတ်မှောက်တဲ့ အဆင့်အထိ မရောက်သေးပါဘူး။ သို့သော် ကျနော်တို့ ရဲ့ စိုးရိမ်ပူပန်နေမှုကို ပြခြင်းအားဖြင့် တရုတ်အာဏာပိုင်တွေအပေါ်လည်း ဖိအားသက်ရောက်စေမယ့် နည်းပါ။ နည်း ကတော့ ဒီ ticketsupport@beijing2008.cn အီး-မေးလ်ကို ၆-နာရီကြားတခါ အီး-မေးလ်ပို့ကြဖို့ပါပဲ။ ဒီအီး-မေးလ်က တရုတ်နိုင်ငံက အိုလံပစ်လက်မှတ်အရောင်းဌာန အီး-မေးလ်ပါ။

သူတို့ လုပ်ငန်းတွေကို ဖိအားသက်ရောက်စေပြီး၊ အိုလံပစ်လက်မှတ် ၀ယ်လိုသူ အခြားသူတွေအတွက်လည်း လုပ်ငန်းတွေ နှေးကွေးသွားအောင် ဆောင်ရွက်နိုင်မယ်လို့ တွက်ထားကြပါတယ်။

လွယ်လွယ်လေးပါ။ အောက်ဖော်ပြပါစာကို ကိုယ့်အမည်ရေးထိုးပြီး ၆-နာရီခြားတခါလောက် ပို့လိုက်ရုံပါ။

ရွက်မွန်



Subject: re: tickets

Dear Sirs/Madams,

I am very interested in purchasing tickets to some of the events at next year's Olympic games.

However I cannot, in good conscience, attend the Beijing Olympics unless your government uses its influence to improve the political situation in Burma. China has substantial economic interests in the country, provides large amounts of economic aid, and invests heavily in infrastructure projects there. Additionally, your government provides extensive logistical support to Burma's military government. All this make China uniquely placed to influence it.

The people of Burma have, in a very peaceful manner, insisted that their rights be respected. I ask no more of your government than that it cease its support for the current regime, and encourage dialog with the democratically elected representatives of the Burmese nation.

I, the Burmese people, and the world would be grateful for your assistance in this matter. Your courage will go a long way towards making the 2008 Olympics a success.

With sincere thanks,

(your name)

1 comment:

may said...

Thanks for good idea.

This can be very effective. and we should boycott all sponser companies of Olympic.

How about setting a special blog for "BoycottOlympic.blogspot.com".

This will be more organized way.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.