ရွက်မွန်စာမျက်နှာ

Friday, April 18, 2008

၂၀၀၈

၂
၀၀၈ ဟာ
သတ်ကွင်းထဲ ရောက်နေသလား ထင်ရတယ်။

ကောင်းကင်ကို မော့မကြည့်ရဲဘူး
ကြီးမြတ်တဲ့ ကြယ်တွေချည်း
ကြွေကြွေ ကျနေတာ။

မြေပြင်ကို ငုံ့မကြည့်ရဲဘူး
အစားထိုးမရတဲ့ တံတားတွေချည်း
ကျိုးကျိုး ကျနေတာ။

ရင်ခွင်ထဲ ၀င်မကြည့်ရဲဘူး
အသည်းခွဲတဲ့ မြားတွေချည်း
အစင်းစင်း စိုက်နေတာ။

ငါတို့မှာ
ရှိရော ရှိသေးရဲ့လား၊
နောက်ထပ် ဆုတ်ခွာစရာ ခြေလှမ်းတလှမ်း
နောက်ထပ် ခုခံစရာ ကတုတ်ကျင်းတကျင်း
နောက်ထပ် စစ်ပြင်စရာ ခံတပ်တတပ်
နောက်ထပ် စွန့်လွှတ်စရာ မာနယ်ပလောတခု
နောက်ထပ် ဆုံးရှုံးစရာ နှောင်ကြိုးတချောင်း
နောက်ထပ် ပွေ့ဖက်စရာ အိပ်မက်တခု။

၂၀၀၈ ဟာ
ငါတို့ကို ခံပစ်ခိုင်းတယ်
ငါတို့ကို ဖောင်ဖျက်ခိုင်းတယ်။

အဲသည် ၂၀၀၈ ပါပဲ
ငါတို့ကို အမေနဲ့ ခွဲပစ်ခဲ့တာ
ငါတို့ကို ငါတို့ချည်း ထားပစ်ခဲ့တာ။

အောင်မော်ဦး
ဧပြီ၊ ၁၃၊ ၂၀၀၈။

1 comment:

ဝင်းပေါ်မောင် said...

ဟုတ်တယ် ငါတို့ချည်းပဲ
ဒါပေမယ့်
ငါတို့လက်ထဲမှာပဲ အဲဒီ ၂၀၀၈
ခုထက်ထိတော့ တုတ်တုတ်မလှုပ်သေး
ဘယ်တော့မှ ဂလန်ကဆန် ထလုပ်မယ် မသိ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.