ရွက်မွန်စာမျက်နှာ

Sunday, August 26, 2007

မဟာဗျူဟာမြောက် အကြမ်းမဖက်တိုက်ပွဲ (စာအုပ် ဒေါင်းလုပ်)


ဒီ
စာအုပ်မှာ မဟာဗျူဟာမြောက် အကြမ်းမဖက်တိုက်ပွဲရဲ့ အခြေခံလိုက်နာရမယ့် အချက်တွေကို ရေးထားပါတယ်။ ဒီစာအုပ် ကို မူရင်းရေးသူကတော့ AlBert Einstein Institution လို့ခေါ်တဲ့ အမေရိကန်နိုင်ငံက၊ အကြမ်းမဖက် တိုက်ပွဲနည်းနာတွေ ကို သုတေသနပြု၊ လေ့လာနေတဲ့ အကြမ်းမဖက်နည်းဗျူဟာတွေကို ကျင့်သုံးပြီး တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်နေတဲ့ အဖွဲ့က ရောဘတ် ဟဲလ်ဗီဖြစ်ပါတယ်။ သူက အမေရိကန်စစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဖူးသူဖြစ်သလို၊ မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ကာလက စစ်သံမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကျနော်နဲ့ မိတ်ဆွေတွေက ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ရဲရဲတောက် အကြမ်းမဖက်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ဘလော့မှာ တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြည်သူတွေ အောင်ပွဲခံကြပါစေ။

ဒီစာအုပ်မူရင်းကို ဒေါင်းလုပ် လုပ်ယူချင်တယ် ဆိုရင်ဖြင့် ဒီနေရာမှာ ရနိုင်ပါတယ်။
http://www.mediafire.com/?c3n2mi5ydlm

ဘာသာပြန်ထားတဲ့ စာအုပ်မူကြမ်းကိုတော့ ဒီနေရာမှာ ဒေါင်းလုပ်လုပ်ယူလို့ ရနိုင်ပါတယ်။
http://www.mediafire.com/?2mzdrif2zjd

အများအတွက် အကျိုးရှိမယ် ယူဆလို့ တင်ပြလိုက်တာ ဖြစ်ပါတယ်။

အောင်သူငြိမ်း


No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.