ရွက်မွန်စာမျက်နှာ

Saturday, December 8, 2007

ဖတ်ကြမလား ကျကျမ်း (အော်ပီကျယ်၏ ကာတွန်းများ)

ကာ
တွန်းဆရာ အော်ပီကျယ်ရဲ့ ကာတွန်းတွေ ထုတ်ဝေခွင့် မပြုတော့ဘူး၊ ကြော်ငြာလို့တောင် မရဘူးဆိုပြီး ရေးလာတဲ့ ဆောင်းပါး တပုဒ်ကို မဇ္ဈိမ စာစောင် နန်းဒေ၀ီရဲ့ ဆောင်းပါးမှာ ဖတ်ရပါတယ်။ သူနဲ့အတူ အနုပညာရှင် ၁၉ ဦးရဲ့ ရေးသား ထုတ်ဝေခွင့်တွေ ပိတ်တာပါ။

ကျနော်ကတော့ စုဆောင်းထားမိတဲ့ သူရဲ့ ကာတွန်းတွေ တင်ပေးချင်ပါတယ်။ ဒီကာတွန်းတွေကို စာစောင်တခုမှာ“ကျကျမ်း” ဆိုပြီး သူ ကာတွန်း ရေးခဲ့ပါတယ်။ တိုးတက်ရာ တိုးတက်ကြောင်းကို ညွှန်ပြတာက တက်ကျမ်း၊ အဲဒါနဲ့ ပြောင်းပြန်က ကျကျမ်း ဆိုပြီး ပြောပါတယ်။ ဒီကာတွန်းတွေကို အရင်က ဟာသဂျာနယ်မှာ ပယ်ခံရတယ်။ နောက်တော့မှ အခွင့်အလမ်းဂျာနယ်မှာ “မဆိုမမိန့်” ဆိုပြီး နာမည်ပြောင်းပေးတော့ စီစစ်ရေးက လွတ်လာတယ်။ နောက်တော့ ဆက်တိုက် “ကျကျမ်း” ဆိုပြီး ဆက် ရေးတယ်။ ကျနော့မှာ ကာတွန်းပုံ ၂၀ လောက် ရှိပါတယ်။ ဘာဖြစ်လို့ စီစစ်ရေးက လွတ်လာရသလဲလို့ ကျနော်အံ့သြမိသေး တယ်။

အားလုံး ပေါ့ပေါ့ပါးပါး ပေါ့။ ဒီကာတွန်းလေးတွေလည်း ကျနော်တို့ ဆက်တိုက်တင်ပေးချင်ပါတယ်။
ကာတွန်းရေးသူထံက ခွင့်ပြုချက်မတောင်းနိုင်တာတော့ ခွင့်လွှတ်စေချင်ပါတယ်။

ရွက်မွန်




No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.