ရွက်မွန်စာမျက်နှာ

Friday, May 11, 2007

လွတ်လပ်သောနိဗ္ဗာန်

စိတ်က မကြောက်ဘဲ ခေါင်းကိုမတ်စွာ
ထားနိုင်သော အရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုံနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

စကားသည် နက်ရှိုင်းသောသစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊

မနားမနေသော အားထုတ်မှုသည်
နိဗ္ဗာန်သို့ လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည်၊
အကျင့်ဆွေးသဲကန္တာရတွင် ခရီးလမ်းစမပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပျံ့ပြူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင် ... ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သောနိဗ္ဗာန်၌
တပည့်တော်၏တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။

ရာဝိန္ဒြာ နတ်တဂိုး
ဂီတဉ္စလီ အမှတ် (၃၅) မှ

ဒီကဗျာလေးကို တွေ့လို့ကြိုက်တာနဲ့ တေးထားတာကြာပါပြီ။ အခု အများဖတ်နိုင်အောင် ပြန်တင်ပေးလိုက်တာပါ။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.