ရွက်မွန်စာမျက်နှာ

Saturday, August 11, 2007

ကမ္ဘာကြီးအတွက် အနာဂ္ဂတိ ဟောစာတမ်းတခု


အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို လူအများကကြို၍တွက်ချက်ကြသည်။ မိမိ၏အနေအထားကို လိုက်လျောညီထွေဖြစ် အောင်ကြို၍ ပြင်ဆင်ကြသည်။ ဤသို့ဖြင့် ဗေဒင်ဆရာများရှိလာသည်။ ရှေ့ဖြစ်ဟောဆရာများရှိလာသည်။ ယတြာချေကြ သည်။ ဖုန်းရွှေနည်းများကို လုပ်လာကြသည်။ ဤသို့လူတဦးချင်း၏ အနာဂတ်ကို တွက်ချက်ပေးသူများမှသည်၊ သိပ္ပံနည်းကျ ကမ္ဘာတခုလုံး၏ လားရာတိမ်းညွှတ်ချက်များကို တွက်ချက်လေ့လာသော အနာဂတ် ၀ါဒီပညာရှင်များလည်း ရှိလာခဲ့သည်။ အနာဂတ်ကိုလေ့လာသော ပညာရပ်ဌာနများ (Future Studies) လည်း၊ တိုးတက်သောနိုင်ငံကြီးများတွင် ပေါ်ပေါက်လာခဲ့သည်။


မြန်မာစာဖတ်ပုရိသတ်များအတွက်ဆိုလျင်တော့ အယ်လ်ဗင်တော်ဖလာတို့ဇနီးမောင်နှံကို မစိမ်းလှ။ လူသိများကြသည်။ သူတို့က “အနာဂတ်သွေးလန့်မှု” (Future Shock) ဟူသောစာအုပ်ရေးဖူးသည်။ ဤစာအုပ်တွင်အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သော အခြေအနေများကို ကြို၍တင်ပြဘူးသည်။ မြန်မာစာရေးဆရာ အချို့ကလည်း အကျဉ်းဘာသာပြန်ခဲ့ဘူးကြသည်။ ထို့အပြင် ဆရာမြသန်းတင့်ကလည်း ဂျွန် နိုင်စ်ဘစ်နှင့် ပက်ထရစ်ရှာ အဘာဒင်း (John Naisbitt and Patricia Aburdene) တို့ရေးသားသော (၂၀၀၀) ခုနှစ်၊ ကမ္ဘာ၏လားရာကြီးများ (Mega-trends 2000: Ten New Directions for 1990s) အကြောင်းကို အကျဉ်းမိတ်ဆက်ပေးခဲ့ဘူးသည်။ ယခုလည်း စိတ်ဝင်စားဖွယ် အစီရင်ခံစာ တခုကို မိတ်ဆက်ပေးလိုသည်။

(၂၀၂၀) စီမံချက်
အမေရိကန်နိုင်ငံတွင် အမျိုးသားထောက်လှမ်းရေးကောင်စီ(National Intelligence Council) ဟူသော အဖွဲ့တခုရှိသည်။ သူတို့အဖွဲ့တွင် အနာဂတ်တွင်ဖြစ်လာနိုင်သောလားရာများကိုကြိုတင်တွက်ဆသောစီမံချက်ရှိသည်။ သူတို့ကကမ္ဘာတလွှားရှိ သုတေသနဌာနများ၊ ပညာရှင်များ၊ တက္ကသိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ အနာဂတ်ကို ကြိုခန့်မှန်းသည်။ ဖိုးကပ်စ်လုပ်သည် ဟု ခေါ်သည်။ ထို့နောက် မူဝါဒရေးရာအရ သက်ရောက်မှုရှိလာနိုင်ခြေများကို အမေရိကန်အစိုးရသို့အကြံပြုတင်ပြသည်။ အမေရိကန်က ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်သည်နှင့်အညီ သိပ္ပံနှင့် နည်းပညာ၊ စစ်အင်အား၊ ဓနအင်အား၊ မဟာဗျူဟာ၊ သံတမာန်ရေးရာ၊ ထောက်လှမ်းရေးရာ စသည်အားလုံးကို ရှေ့ပြေးနေအောင်ကြို၍ ပြင်ကြရသည်။ ဤသို့ဖြင့် ဤကဲ့သို့သော အစီရင်ခံစာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခု ဖော်ပြမည့်အစီရင်ခံစာသည် ဤအဖွဲ့မှနေ၍ (၂၀၂၀) ခုနှစ်အတွက် ကြို၍ ခန့်မှန်းထားသော ကမ္ဘာကြီး၏အနာဂတ်ကို ကြိုတင်မြေပုံထုတ်ခြင်း (Mapping of the Global Future: Report of the National Intelligence Council's 2020 Project) ဟူသော အစီရင်ခံစာဖြစ်သည်။

သူတို့က ညာဏ်ကြီးရှင် ပီသသည်။ ကမ္ဘာတ၀ှမ်းလုံးကို စူးစမ်းသည်။ သဘာဝပါတ်ဝန်းကျင်မှနေ၍၊ နည်းပညာ၊ ဘာသာရေး၊ လူဦးရေအပြောင်းအလဲ အချက်အလက်အားလုံးကို စူးစမ်းသည်။ လုံðခံရေးဆိုင်ရာအချက်များနှင့် အပြန်အလှန် တုံ့ပြန်ဖြစ် ပေါ်နေသည့် အခြေအနေများလည်းမလွတ်စေရ။ ထို့အပြင် ဤအစီရင်ခံစာအတွက် ကမ္ဘာကြီး၏ ဒေသအနှံ့အပြားတွင် ညီလာခံ၊ ကွန်ဖရင့်များကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။ ပညာရှင်များစွာနှင့် တိုင်ပင်အကြံယူသည်။ ဥပမာ- ဆယ်စုနှစ်ပေါင်းများ စွာ အနာဂတ်လားရာကိုသုံးသပ်ဆောင်ရွက်နေသည့် ရှဲလ်နိုင်ငံတကာရေနံ ကုမ္ပဏီ၏ (Scenario Project) စီမံချက်မှ ဦးဆောင်သူများပါဝင်သကဲ့သို့၊ ကုလသမဂ္ဂ၏ ထောင်စုနှစ်ဆိုင်ရာ စီမံချက်မှ ဦးဆောင် နေသူများ၊ အမေရိကန်နိုင်ငံရှိ ရန်းဒ် (RAND) သုတေသန ကော်ပိုရေးရှင်းမှ ပညာရှင်များ၊ ဂိုလ်းမန်းဆက်ခ်ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဗြိတိန်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စသည်တို့မှ ပညာရှင်များ ပါကြသည်။ နောက်ဆုံးအယ်လ်ဗင်တော်ဖလာ၏ ကုမ္ပဏီပင် ဤအစီရင်ခံစာရေးရာတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည်။ သက္ကရာဇ် (၂၀၂၀) ဆိုလျင် ဝေးသည်ဟုယူဆနိုင်သော် လည်း သူတို့ကဤမျကြို၍တွက်ဆကြသည်။ အမှန်တွင်ကား ခုပင်လျင် (၂၀၀၆) အတွင်း ချင်းနင်းဝင်ရောက်လာပြီဖြစ်၍၊ နောက်ထပ် (၁၄) နှစ်သာကျန်တော့သည်။

ဖြစ်နိုင်ခြေ တိမ်းညွှတ်မှု (၄) ခု
သူတို့၏အနာဂတ်လားရာ များအပေါ်ဖော်ပြချက်များသည် များစွာစိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့က ကမ္ဘာကြီးတွင် ဖြစ်လာနိုင်ခြေရှိသောတိမ်းညွှတ်မှု (Scenario) (၈) ချက်ကိုနောက်ဆုံးရွေးချယ်ထုတ်ခဲ့သည်။ နောက်ဆုံးအားသာချက်၊ အားနည်း ချက်များကို အပြန်ပြန်အလှန်လှန် ဆွေးနွေးကာ နောက်ဆုံးဖြစ်နိုင်သည့်တိမ်းညွှတ်ချက် (Scenario) (၄) ခုကို သဘောညီ ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့ကို (Scenario) လေးခုအဖြစ် အောက်ပါအတိုင်း ဖော်ပြသည်။
• ဒါးဗိုစ့်ကမ္ဘာ။ ဒါးဗို့စ်ဆိုသည်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်စဉ်ကျင်းပကျရာဆွစ်ဇာလန်နိုင်ငံရှိ ရေခဲနှင်းစီးအပန်းဖြေ စခန်းòမိ့ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးအလားအလာတိမ်းညွှတ်ချက်များကို ဤဖိုရမ်တွင်ဆွေးနွေးလေ့ရှိကြပါသည်။ ဆိုလို သည့်အဓိပ္ပါယ်မှာ လာမည့် (၁၅) နှစ်အတွင်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာစီးပွားရေးဆက်လက်တိုးတက်နေ မည်ဟု သုံးသပ်ကြပါသည်။ သို့သော်လည်း အနောက်တိုင်းမျက်နှာမဟုတ်သော အိန္ဒိယနှင့်တရုတ်ပြည်တို့ ဤဖိုရမ် တွင် ပါဝင်လာကြမည်ဟု သုံးသပ်ထားပါသည်။
• ကမ္ဘာကြီးတွင်အပြောင်းအလဲများစွာရှိသော်လည်း၊ အမေရိကန်နိုင်ငံအနေဖြင့် လွှမ်းမိုးထားနိုင်သောအနေအထား ကို ဆက်လက်ကိုင်စွဲဦးဆောင်ထားနိုင်မည်ဟု သုံးသပ်ကြပါသည်။ သို့သော်လည်းအခြားအင်အားစုများပိုမိုပါဝင်မှု ရှိသော ကမ္ဘာ့ဖြစ်စဉ်တခု ဖြစ်ထွန်းလာနိုင်ပါသည်။ သူတို့က ဤအလားအလာကို(Pax Americana) ဟု အမည်ပေးပါသည်။
• အစွန်းရောက်ဘာသာရေးအင်အားစုများက ကြီးထွားလာ၍၊ နိုင်ငံရေးနယ်ပါယ်အတွင်းသြဇာလွှမ်းလာနိုင်သော အခြေအနေကိုလည်း တွက်ဆကြပါသည်။ ဤသို့ဆိုပါက အနောက်ကမ္ဘာကလက်ခံထားသောတန်ဖိုးထားမှုများ၊ အခြေခံများ၊ ကမ္ဘာ့စနစ်ကိုလည်း ထိခိုက်လာနိုင်သည်ဟု တွက်ဆကြပါသည်။ သူတို့က ဤအလားအလာကို (A New Caliphite) ဟု အမည်ပေးပါသည်။
• ထို့အပြင် လူအများသေကြေစေနိုင်သောတိုက်ခိုက်မှုများဖြစ်လာပြီးနောက်၊ လူအများ၏ ဘ၀အတွင်းပို၍၀င်ရောက် ထိုးဖောက်ထောက်လှမ်းခံလာရသော အခြေအနေမျိုးကိုလည်း တွက်ဆဖော်ပြကြပါသည်။ တချိန်က စာရေးဆရာ ဂျော့ခ်ျအိုဝဲလ်ရေးသော ကမ္ဘာမျိုးဖြစ်လာနိုင်ခြေလည်း ချန်လှပ်မထားခဲ့ပါ။ သူတို့က ဤအလားအလာကို အကြောက်တရားစက်ဝန်း (Cycle of Fear) ဟု အမည်ပေးပါသည်။ ဤအလားအလာများက အကုန်ဖြစ်လာမည် ဟု ဆိုလိုခြင်းမဟုတ်ပါ။ အများဆုံးဖြစ်နိုင်ခြေတွက်ဆချက်များသာ ဖြစ်ပါသည်။ ဤအချက်ကို စာတန်းတွင်အသေး စိတ်ဆွေးနွေးဖော်ပြခဲ့ကြပါသည်။

အာရှအတက်
အာရှနှင့်ပါတ်သက်၍ စိတ်ဝင်စားဖွယ်အချက် အများအပြားကို ဤအစီရင်ခံစာတွင် တွက်ဆခန့်မှန်းဖော်ပြခဲ့ကြပါသည်။ သို့ သော်လည်း နေရာအခက်အခဲကြောင့် အကုန်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ အချို့အချက်များကိုသာ ရွေးချယ်ဖော်ပြလိုပါ သည်။ ဤအစီရင်ခံစာ၏ သုံးသပ်ချက်အရ-

• ဂလိုဘယ်လိုက်ဇေးရှင်းသည် ရပ်တန့်ရန်အကြောင်းမရှိ၊ ဆက်သွားလိမ့်မည်။ ကမ္ဘာကြီးတွင် အချင်းချင်းအပြန် အလှန်ဆက်သွယ်နေကြသော သတင်း၊ နည်းပညာ၊ အရင်းအနှီး၊ ကုန်သွယ်မှု၊ ၀န်ဆောင်မှု၊ လူအများကူးလူးသွား လာမှုများ ပို၍ဆက်လက်ကြီးထွားလာရန်သာ ရှိပါသည်။ သို့သော် သက္ကရာဇ် (၂၀၂၀) ရှိ ဂလိုဘယ်လိုက်ဇေးရှင်း တွင် အနောက်တိုင်းမျက်နှာသွင်ပြင် အပြင် အခြားမျက်နှာများ (ယခုတိုးတက်လာနေသော တရုတ်။ အိန္ဒိယ၏ မျက် နှာသွင်ပြင်များပါ ပါဝင်လာလိမ့်မည်ဟု ဆိုပါသည်။)
• အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဤအတိုင်းဆက်လက် ဖွံ့òဖိးတိုးတက်နေပါက သက္ကရာဇ် (၂၀၂၀) တွင် တရုတ်နိုင်ငံ၏ အမျိုးသားထုတ်ကုန်တန်ဖိုး (ဂျီအဲန်ပီ) သည် အမေရိကန်နိုင်ငံမှလွဲ၍၊ အခြားသောအနောက်နိုင်ငံများကို ကျော်လွန် သွားပါလိမ့်မည်။ ယခုအခါ ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေးက အမေရိကန်နိုင်ငံဖြစ်ပြီး၊ ဂျပန်က ဒုတိယ၊ ဂျာမဏီက တတိယလိုက်နေပါသည်။ တရုတ်နိုင်ငံက ဂျပန်ကို ကျော်လွန်၍ကမ္ဘာ၏ဒုတိယအကြီးဆုံး စီးပွားရေးဖြစ် လာပါလိမ့်သည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ဤနှုန်းအတိုင်း ဆက်လက်တိုးတက်နေပါက (၂၀၂၀) တွင် အိန္ဒိယ နိုင်ငံ၏ စီးပွားရေးသည်၊ ဥရောပတနိုင်ငံချင်းနှင့် အရွယ်တူဖြစ်လာနိုင်ပြီး၊ (၂၀၅၀) တွင် ဥရောပသမဂ္ဂတခုလုံးနှင့် အရွယ်တူဖြစ်လာပါလိမ့်မည်။)
• (၂၀၂၀) တွင် တရုတ်နိုင်ငံလူဦးရေက သန်းပေါင်း (၁၄၀၀) ရှိလာနိုင်ပြီး၊ အိန္ဒိယနိုင်ငံက သန်းပေါင်း (၁၃၀၀) ရှိလာနိုင် ပါသည်။ ဤနိုင်ငံရှိလူထုများအနေဖြင့် အနောက်တိုင်းနိုင်ငံများ၏ လူနေမှုအဆင့်အတန်းကို မမှီနိုင်သေးသော်လည်း၊ တိုးတက်လာနေသော လူဦးရေပမာဏ၊ ကြီးထွားလာသောစီးပွားရေးပမာဏ၊ ဓနအင်အား၊ နည်းပညာ၊ စစ်အင်အား တို့ဖြင့် ကမ္ဘာ၏ အင်အားချိန်ခွင်လျာကို အပြောင်းအလဲဖြစ်လာစေနိုင်သည်ဟု တွက်ဆထားကြပါသည်။ ဤသို့ဆို လျင် နိုင်ငံတကာဆက်ဆံရေးစနစ်တွင်ပါ အပြောင်းအလဲဖြစ်လာနိုင်ချေ ရှိနေပါသည်။ ဤသို့ တရုတ်နှင့် အိန္ဒိယဖွံ့òဖိး လာမှုအခြေအနေကို (၁၉) ရာစုတွင် ဂျာမဏီ၏တက်လာပုံမျိုး၊ (၂၀) ရာစုဆန်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ တက်လာပုံမျိုးနှင့် တင်စားခိုင်းနှိုင်းတင်ပြထားပါသည်။ ဤအခြေအနေတွင် ဂျပန်၏အခန်းကဏ္ဍသည် တရုတ်နှင့် အတူ တိုးတက်နိုင်သောအနေအထား၊ သို့မဟုတ် ချိန်ခွင်လျာမျစေရန် သုံးနိုင်သောအနေအထားအဖြစ်လည်း တွက်ချက်ဖော်ပြထားပါသေးသည်။ သို့သော်လည်း အင်အားကြီးနိုင်ငံခြင်းဖြစ်သော စစ်ပွဲကြီးမျိုးသည် လာမည့် (၁၅) နှစ်တွင် ဖြစ်နိုင်ချေအလွန်နည်းသည်ဟု ဖော်ပြထားပါသည်။
• ဤသို့တက်လာသည်နှင့်အမျ အခြားဖြစ်လာနိုင်သောစိမ်ခေါ်မှုများကိုလည်း ဖော်ပြခန့်မှန်းထားပါသေးသည်။ တခု မှာ စီးပွားရေးတက်လာသည်နှင့်အမျ လောင်စာစွမ်းအင်လိုအပ်ချက်ကလည်း အလွန်အမင်းများပြားလာလိမ့်မည် ဖြစ်ပါသည်။
• ထို့အပြင် နိုင်ငံတော်မဟုတ်သည့်အင်အားစုများ၏ အရေးပါသောအခန်းကိုလည်းဖော်ပြထားပါသည်။ အစိုးရနှင့် မသက်ဆိုင်သောအဲန်ဂျီအိုများ၏အခန်းကဏ္ဍမှာ အရေးပါသောကဏ္ဍကရှိနေမည်ဖြစ်သည်။ ထို့အပြင် အစွန်း ရောက်မူဆလင်အင်အားစုများ၏ နိုင်ငံရေးသည်လည်းပြဿနာတခုဆက်လက်ဖြစ်နေမည်ဟု သုံးသပ်ထားပါသည်။ အားပျော့ခ်ျိနဲ့သောအစိုးရများ၊ စီးပွားရေးမတိုးတက်သောအခြေအနေ၊ ဘာသာရေးအစွန်းရောက်မှု၊ များပြားလာ သော လူငယ်ထုများ၏ မကြေနပ်မှုများကြောင့် ကမ္ဘာကြီး၏အချို့သော ဒေသများတွင် မတည်ငြိမ်မုန်တိုင်းထန်လိမ့် ဦးမည်ဟု ဖော်ပြထားပါသည်။ ၎င်းအပြင် အကြမ်းဖက်မှုပြဿနာသည်လည်း ပင်မခြိမ်းခြောက်မှုအဖြစ် ဆက်လက် ရှိနေဦးမည်ဖြစ်ပါသည်။ ဤ အတွက်ကြောင့်ပင် လူအများအနေဖြင့် စိုးရိမ်ပူပန်နေရမှုများ၊ အကြောက်တရားများ ဖြင့် နေကြရဖွယ်ရှိပါသည်။
• တတိယဒီမိုကရေစီရေစီးလှိုင်းဟု ခေါ်ဆိုနေကြသောဒီမိုကရေစီလှုပ်ရှားမှုလှိုင်းများ အကျ၊ အားပျော့သွားမည်ဟု တွက်ချက်ဖော်ပြထားပါသည်။ (အကြောင်းမှာ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲများကြောင့်နှင့် ၁၉၉၀ ခုနှစ်က စတင်ခဲ့သော တတိယဒီမိုကရေစီလှိုင်း၏ အားပျော့သွားခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် တစ်ပါတီစနစ်ဖြင့်သွား နေသော တရုတ်နိုင်ငံ၏တိုးတက်လာနေသောအခြေအနေတွင် အာရှပုံစံ ဒီမိုကရေစီဆိုသည်မျိုး ခေတ်စားထွန်းကား လာလိမ့်မည်ဟု ဖော်ပြထားပါသည်။ တချိန်က စင်္ကာပူ၊ တောင်ကိုရီးယားကဲ့သို့ အာရှနိုင်ငံများ စီးပွားဖွံ့òဖိးစဉ်က အာရှတန်ဖိုးကို အလေးပေးဖော်ပြခဲ့ကြသည့်အလားတူ၊ တရုတ်နိုင်ငံအတက်တွင်လည်း တရုတ်ပုံစံဖွံ့òဖိးတိုးတက်ပုံ ကို အသားပေးပြောလာနိုင်သော အခြေအနေကို ဆိုလိုခြင်း ဖြစ်ပါသည်။) (ဆိုလိုသည်မှာ တရုတ်နိုင်ငံအနေဖြင့် စီးပွား ရေးပြုပြင်ပြောင်းလဲရေးလုပ်သော်လည်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတော်နည်းပါသည်။ တက်လာသော စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေ နိုင်ငံရေးပြောင်းလဲရန်ဖြစ်နိုင်- မဖြစ်နိုင်ဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းဖြစ် နေပါသည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်နေပါသည်။ ဗဟိုတွင် လူငယ်များကို တိုးချဲ့နေရာပေးလာပြီး၊ အများမှာ အနောက်တိုင်းတွင်ပညာသင်လာသူများဖြစ်ပါသည်။ ထို့အပြင် ဗဟိုတွင် အတိုင်ပင်ခံအကြံရယူမှုများကို တိုးချဲ့လုပ်လာပါသည်။ အောက်ခြေတွင် ဒေသဆိုင်ရာ ဒီမိုကရေစီရွေး ကောက်ပွဲများ (local elections)ကို တိုးချဲ့ပြုလုပ်လာနေပါသည်။ အကယ်၍ တရုတ်နိုင်ငံ စီးပွားတက်နေသည်နှင့် အမျှ ဤပုံစံ တဖြည်းဖြည်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှုက မှန်သယောင်ပြောဆိုလာနိုင်သည်။ )

မြန်မာ (၂၀၂၀) ။ မိုးကြီးချုပ်ဦးမည်လော။

ဤသို့တရုတ်နှင့် အိန္ဒိယနိုင်ငံများ၏ စီးပွားရေးဖွံ့òဖိးတက်လာမည့်အခြေအနေတွင် ဒေသဆိုင်ရာနိုင်ငံများကလည်း မိမိ၏အဆင့် နေရာအတွက် ပြင်ဆင်နေကြပါသည်။ အေဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း အေဆီယံမျော်မှန်းချက်အမြင် (၂၀၂၀) ဟူသော စာတမ်းဖြင့် ဖော်ပြထားဘူးပါသည်။ ထို့အပြင် နိုင်ငံတခုချင်းကလည်း လွတ်လပ်သောစီးပွားရေးသဘောတူညီမှု (အက်ဖ်တီ အေ) စာချုပ်များ၊ ဒေသတွင်း မဟာမိတ်ဖွဲ့မှုများ၊ မိမိ၏ ကျမ်းကျင်သောကဏ္ဍကို အားကောင်းစေခြင်းများဖြင့် ပြင်ဆင်နေကြ ပါသည်။ ထိုင်းနိုင်ငံက မဲခေါင်မြစ်ဝှမ်းရပ်ဝှန်းဒေသ၏ ပင်မ ဗဟိုချက်ဖြစ်စေရန် ပြင်ဆင်နေပါသည်။ ထို့အပြင် ထိုင်းနိုင်ငံကို ဖက်ရှင်òမိ့တော်ဖြစ်စေရန် ပြင်နေပါသည်။ တရုတ်နိုင်ငံ ရှန်ဇန်းက အာရှ၏ငွေကြေးဈေးကွက်ဗဟိုချက်မဖြစ်လာနိုင်သောအခြေ အနေတွင်၊ လက်ရှိဗိုလ်ဖြစ်သော တိုကျို၊ စင်္ကာပူ၊ ဟောင်ကောင်တို့ကလည်း ပြင်ဆင်လာနေရပါသည်။ စင်္ကာပူက အာရှ၏ အနုပညာဈေးကွက် ဗဟိုချက်မဖြစ်စေရန် ပြင်ဆင်နေပါသည်။

မြန်မာနိုင်ငံကရော ဤအခြေအနေတွင် မည်သို့ပြင်ဆင်မည်ဆိုသည်ကို စိတ်ဝင်စားဖွယ် ဖြစ်လာပါသည်။ ကြက်ဆူပင်စိုက်ခြင်း သည် အမျိုးသားရေးတာဝန်ဆိုရုံမျဖြင့် စီးပွားဖြစ်လာမည်တော့ မထင်ပါ။ မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီအလားအလာ အတွက်လည်း အတော်စဉ်းစားစရာ ဖြစ်လာပါသည်။ သက္ကရာဇ် (၂၀၂၀) ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်အသက် (၇၅) ရှိပြီဖြစ်ပါသည်။ (၁၉၉၀) ရွေးကောက်ပွဲရလာဒ်နိုင်ထားသည်မှာ (၂၀၂၀) ဆိုလျင် အနှစ် (၃၀) ရှိပါတော့မည်။

(၂၀၀၀) ခုနှစ်အဆန်းပိုင်းက ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွှန့်ဦးစီးသော ထောက်လှမ်းရေး၏ ဗဟာဗျူဟာ လေ့လာရေးဌာန က ၂၁-ရာစုအတွင်း မြန်မာနိုင်ငံဖြစ်လာနိုင်သောအလားအလာများနှင့် ပါတ်သက်၍ နိုင်ငံတကာ ပညာရှင်များ ဖိတ်ခေါ်၍ ဆယ်မီနာများ ဆောင်ရွက်ခဲ့ဘူးပါသည်။ မြန်မာနိုင်ငံ ကြုံရနိုင်သော စိန်ခေါ်ချက်များနှင့် ပြဿနာများ၊ ပြင်ဆင်ရန်လိုအပ်ချက် များကို ဆွေးနွေးခဲ့ကြဘူးပါသည်။ ဤဆယ်မီနာများမှ အကြံပြုချက်ဖြစ်သော စီးပွားရေးနှင့် နည်းပညာ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ပြုပြင်ချက်များကို ယခုတိုင် မမြင်ရသေးပါ။ ပျဉ်းမနားသို့ òမိ့တော်ပြောင်းရေးသည် ဤအကြံပြုချက်များတွင် ပါသောကိစ္စ မဟုတ်ပါ။ ပြီးခဲ့သော တော်လှန်ရေးနေ့ (တပ်မတော်နေ့) တွင်လည်း တပ်မတော်အင်အားရှိရေးကိုသာ ထပ်ခါ ထပ်ခါ အလေးပေးပြောနေပါသေးသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ကြွေးကြော်နေပါသေးသည်။

မြန်မာနိုင်ငံ၏ (၂၀၂၀) သည် ဤပုံအတိုင်းသွားပါက၊ မိုးကြီးချုပ်သောအခြေအနေနှင့် မကြုံရပါစေနှင့်ဟုသာ ဆုတောင်းနေရ ပါတော့မည်။

အောင်သူငြိမ်း
ဧရာဝတီအွန်လိုင်း (မေ ၂၀၀၆)

အကိုးအကား
1. National Intelligence Council (US), Mapping the Global Future: Report of the National Intelligence Council's 2020 Project, December 2004, Government Printing Office (GPO), Pittsburg.
2. The Office of the Strategic Studies (Ministry of Defence--Myanmar) and Information and Resource Centre (Singapore), Conference Report of Myanamr in the 21st Century, 28-29 March, 2000. Yangon.

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.