ရွက်မွန်စာမျက်နှာ

Sunday, August 26, 2007

လူထုတိုက်ပွဲ မြေအောက်လက်စွဲ (မိုးသီးဇွန်)

ဒီ
နေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ဒီမိုကရေစီတိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။
တိုက်ပွဲက ပိုပြီးပြင်းထန်လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။
လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှုအသေးလေးတွေက လှုပ်ရှားမှုကြီးတခုလုံးကို အဆုံးဖြတ်ပေးနိုင်တယ်။
ဒါကြောင့်ခေါင်းဆောင်မှုဟာ အရေးကြီးလာပါတယ်။
ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲနည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲကာလက ရရှိခဲ့တဲ့ သခန်းစာတွေအပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။



၁။ လုံခြုံရေး
၂။ ဆန္ဒပြခြင်း၊ ချီတက်ခြင်း
၃။ စည်းကိုကျော်ပေးရခြင်း
၎။ ယန္တရားများကိ òဖိချခြင်း
၅။ အုပ်ချုပ်ရေးများအစားထိုးခြင်း

၁။ လုံခြုံရေး

ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့လုံခြုံရေးဖြစ်တယ်။
လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။
ကိုယ်လွတ်နေသမျ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။

အခုဖြစ်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ အားနည်းချက်တချို့ကို ကျနော်လေ့လာတွေရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ -ယူနီဖောင်း၊ အဖြူနဲ့ ကချင် ပုဆိုးတွေ ၀တ်ထားတာ၊ ပင်နီတိုက်ပုံတွေ ၀တ်ထားပြီး ဆန္ဒပြတာ အားနည်းချက်ရှိတယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူပေး ထားသလို ဖြစ်နေတယ်။
လူထုထဲက ကြည့်နေတဲ့သူတွေနဲ့ မိမိနဲ့ အဆင်တန်းတခု Class တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။
လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်းမ၀တ်ထားတဲ့အတွက်) ငါ့ကို အစိုးရလူတွေက စောင့်ကြည့်နေမလားဆိုတဲ့ စိုးရိမ်သံသယတွေ ဖြစ်ပေါ်နေတတ်ပါတယ်။
ဒါကြောင့် ယူနီဖောင်းမ၀တ်ဘဲ သူလိုကိုယ်လိုပဲ ၀တ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ၀င်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း
ကိုယ့်လှုပ်ရှားမှုမှာ ၀င်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။

အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးခင်းက ကုန်ဈေးနှုန်းကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင်သပိတ်မှောက်မှုက စတင်လာခဲ့တယ်။
ဒါပေမယ့် အလုပ်သမားအရေးအခင်းဟာ အနှိမ်နင်းခံရတယ်။

ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေးယန္တရားဟာ ခိုင်မာနေသေးတယ်။
အလုပ်သမားလှုပ်ရှားမှုက လူထုနဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမားသပိတ်တွေဟာ စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။
သပိတ်ကို ဦးဆောင်တဲ့သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့ ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှုဟာလည်း အလားတူပဲဖြစ်ခဲ့တယ်။
၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်းနိုင်ခဲ့တယ်။ ဒီလိုပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှုတခုတော့ မဟုတ်ခဲ့ပါဘူး။

ဒီလိုပူးပေါင်းနိုင်ဖို့အတွက် စနစ်ကျတဲ့ နည်းစနစ်တချို့ကို တီထွင်နိုင်ခဲ့လို့ဖြစ်တယ်။

နောက် တိုက်ဆိုင်မှုတခုက အခုအခြေအနေက ၈၈ အစပိုင်းက အခြေအနေနဲ့ တူနေပါတယ်။ ဒီကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။
ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။

၁။ ကိုယ့်ရဲ့အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦး နဲ့ ဖြုတ်ထုတ်ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့ အဖွဲ့ ဖြုတ်ထုတ်ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော်တိုက်တွန်းလိုတယ်။)

၂။ လှုပ်ရှားမှုကို တပြည်လုံးပျံ့နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။
ကျနော်တို့ လူထုတိုက်ပွဲဝင်ခဲ့တဲ့နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကိုကျင့်သုံးခဲ့တယ်။ အခြေအနေပေးတဲ့နေရာတွေမှာ အချိန်တော်တော် ကြာတဲ့ ချီတက်ဆန္ဒပြမှုကို ကျနော်တို့လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။

အဲဒီကာလ စကားတခွန်းဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက်ရောက်လာတယ်။ တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။

လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင် လူထုထဲမှာကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး ဆက်လိုက်တိုက်ပွဲဝင်ရင်း လူထုကိုအဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့နည်းစနစ်တွေကို သုံးခဲ့ခြင်းဖြစ်ပါတယ်။

နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကိုလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့် အလေးနက်ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာမောင်မောင်ကာလ၊ ၁၉၉၀ ရွေးကောက်ပွဲကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။
ဒီကာလတွေတုန်းက ကျနော်တို့ တူညီယူနီဖောင်းတွေ ၀တ်ခဲ့တယ်။
ဒီလို တူညီယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့ ဒီကာလတွေမှာပဲလုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲ အစပိုင်းမှာလုံခြုံရေးဟာ အထူးအရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာလှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။
အဖမ်းမခံရအောင်ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှုရှိစေခြင်တယ်။

၁၉၈၈ ခုနစ် မတ်လ ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအောင် အစွမ်းကုန်လုပ်ဆောင်ခဲ့တယ်။ ကိုယ်လွတ်မြောက်နေသမျ အာဏာရှင်စနစ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်ပါတယ်။
ဒီနေရာမှာ အဖမ်းခံရတဲ့ခေါင်းဆောင်များ၊
ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ခေါင်းဆောင်တွေကတော့ တက်ကြွလှုပ်ရှားသူများလို ရှောင်တိမ်းလှုပ်ရှားနေလို့မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့် အနေထားမျိုးကို ရင်ဆိုင်တိုက်ပွဲဝင်နေရသူတွေဖြစ်ပါတယ်။ လုံခြုံရေးကို အထူးဂရု ပြုလှုပ်ရှားနေရတဲ့ တက်ကြွလှုပ်ရှားသူများအတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။

လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း

၈၈ တလျောက်လုံး ပေးခဲ့တဲ့သခန်းစာအရတော့ လုံခြုံရေးကင်းမဲ့မှုဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ လှုပ်ရှားမှုတခုလုပ်ဖို့ အကြိမ်ကြိမ်ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို ရန်သူကသိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ တချို့နေရာတွေ ရန်သူက တော်လို့မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေဖြစ်တာ၊
အဖမ်းခံရတာတွေ ဖြစ်ကုန်ကြရတာပါပဲ။

လုံခြုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော့

၁။ လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူနားထောင်နေတယ်ဆိုတာကို သတိပြုပါ။
လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး သတင်းပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာဖြစ်တဲ့အတွက် ရန်သူက နေရာအနှံကနေ ကြားဖြတ် နားထောင်နေနိုင်လို့ပဲဖြစ်တယ်။ ကြားဖြတ်နားထောင်တဲ့စခန်းကို အရင်က တိုးကြောင်လေးအနီးနားမှာ ရုံးဖွင့်ပြီး နားထောင်နေကြပါတယ်။
၂။ တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့လိုတယ်။
၃။ တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့လိုတယ်။
၎။ ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲရှိနေဖို့လိုတယ်။
၅။ ထွက်ပေါက်ကို အှုမဲတမ်း ကြိုတင်ကြည့်ထားဖို့လိုတယ်။
၆။ ကြားစီးတဲ့အခါ နောက်ဆုံးထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှမထားပါနဲ့။
ကိုယ်က အားလုံးကိုကြည့်နိုင်တဲ့ပုံစံ အှုမဲရှိနေရပါမယ်။
၇။ ခရီးသွားတဲ့အခါ တနေရာရာကိုထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အှုမဲတမ်းနေပါ။
၈။ မသင်္ကာစရာ လှုပ်ရှားမှုတွေတာနဲ့ ခြေရာဖျောက်ပါ။
၉။ စာရွက်စာတန်း၊ စာစောင်၊ သတင်းစာအဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာအားလုံး ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။
ဝှက်စရာနေရာတွေ အများကြီးရှိတယ်။ ရအောင် ၀ှက်ပါ။
၁၀။ ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း

ဆန္ဒပြတော့မယ်ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။
တစုက ပြောင်ဆန္ဒပြမယ့်အဖွဲ့၊ တဖွဲ့က လူထုထဲမှာ ရောနှောပြီး ကိုယ်ရောင်ဖျောက်ထားရမယ့်အဖွဲ့ ဖြစ်ပါတယ်။
ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက လုပ်ဆောင်ခဲ့တယ်။
ကျနော်တို့လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁၀ ယောက်ရှိရင် သုံးပုံတပုံက ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။
ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာရောပြီး ကိုယ်ရောင်ဖျောက်ထားတယ်။

ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြားတာဝန်တွေကို လုပ်ကြတယ်။ ဆန္ဒပြတဲ့အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။ ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။

ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထားစောင့်ကြည့်တယ်။
အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက်ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြ‡ုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ဖော်ထုတ်နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက်ပေးနေခဲ့တယ်။

တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက်ရိုက်နှက်တဲ့အခါမှာ
သူတို့က ပြန်လည်မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါယူပါ
အော်ဟစ်အကူညီတောင်းကြရမယ်။
ဒီအခါမှာ လူထုထဲမှာမြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင်တိုက်ခိုက်လိုက်တဲ့အခါမှာ လူထုက မခံမရပ်နိုင်ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့ တကယ်ပဲ လူထုက ၀င်ရောက်ကူညီလာတော့တယ်။

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှောထည့်ထားတယ်။ ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့သူတဦးက ဆိုတယ်။ ဒီလိုဖြစ်ရတာကတော့ ကိုယ်ဘက်က ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံ ထားနိုင်လို့ ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ၊ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြားသိနိုင်လိမ့်မယ်။

လူထုထဲမှာ ကိုယ်ရောင်ဖျောက်လှုပ်ရှားရတဲ့သူတွေကို ကျနော်တို့တာဝန်ပေးတဲ့အခါမှာတော့ အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက်မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလိုလုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ၀င်ကူမယ့်သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့သုံးခဲ့တယ်။
သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီးတာဝန်တွေပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲလုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီးလှုပ်ရှားတာဟာ အကောင်းဆုံး နည်းစနစ်တခုဖြစ်တယ်လို့အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က။ ချီတက်ဆန္ဒပြရမယ်။

၁။ အရေးအကြီးဆုံးက လူအစည်းကားဆုံးနေရာဖြစ်ရမယ်။
အခြေခံလူထုတွေ အများဆုံးရှိတဲ့နေရာတွေ ဖြစ်ရပါမယ်။

၂။ ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက်တားမြစ်လျင် ထိပ်တိုက်မရင်ဆိုင်ပါနဲ့
ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက်မဆင်နွှဲပါနဲ့ ချက်ချင်း လူစုပြန်ခွဲလိုက်ပါ။

နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။
လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။

၃။ လမ်းဘေးမှ ရပ်ကြည်နေတဲ့ လူထုတွေကို ပါအောင်စည်းရုံးပါ။
ဒီလိုစည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလိုပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။

(က) လမ်းဘေးမှ ရပ်ကြည့်နေတဲ့လူတွေထဲကို ကိုယ့်ရဲဘော်တချို့က
ဝင်ရောက် ရောနှော နေရာယူထားဖို့လိုပါတယ်။
(ခ) လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)
(ဂ) အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကိုဝေခိုင်းပါ။
(ဃ) လူထုတွေထဲကို ခွပ်ဒေါင်းတံဆိပ်ပါတဲ့ နဖူးစည်းများ
ရပ်ကြည့်နေတဲ့လူတွေကို ဖြန့်ဝေပေးဖို့လိုတယ်။
(င) မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထုလက်ထဲထည့်ပေးပါ။
ကြွေးကြော်သံတွေကို ရေးခိုင်းပါ။
(စ) တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ
ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။
(ဆ) လူထုထဲမှာရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်းပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။
(ဇ) တကယ်လို့ ဆန္ဒပြနေတဲ့ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ၀င်ရောက်ကာကွယ်ပေးနိုင်ရမယ်။ ဟေ့ ..... “ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက်ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ” စသဖြင့် ကိုယ်လူတွေက စတင်ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။
(ဈ) တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက်ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင်ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။
(ည) အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ပုံစံကို ရောက်လာလေ့ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက်ကာကွယ်ပေးတဲ့ ပုံစံဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးကလူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်ကလုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့သဘောပဲ။ လုံခြုံမှုရှိတယ်။
အောင်ပွဲခံမယ်ဆိုရင်လူတိုင်းက အားတက်သရော ပါချင်ကြတယ်။
ဒီတော့ ခေါင်ဆောင်လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန်အသုံးချတတ်ရမယ်။
(ဇ) တကယ်လို့ကိုယ့်မှာအင်အားများလာတယ်ဆိုရင် ချီတက်ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့နေရာမှာပဲဖြစ်ရမယ်။


ခ -ကြွေးကြော်သံများ
ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့နေရာမှာ နိုင်ငံရေးအခြေအနေ
ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီးတဆင့် မြ‡င့်တင်ပေးသွားဖို့လိုတယ်။
လောလောဆယ်မှာ ဓာတ်ဆီဈေးနှုန်းတွေ ကျဆင်းရေး
စွမ်းအင်နဲ့ဘဏ္ဍာရေးဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။

အဆင့်မြင်လာရင် ဗိုလ်ချုပ်သန်းရွှေ နုတ်ထွက်ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီလူထုအစိုးရတရပ် ဖွဲ့စည်းနိုင်ရေးအထိ ဆက်လက်တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးကြွေးကြော်သံကတော့ လူထုအစိုးရဖွဲ့စည်းရေး
(ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)


ဂ -စည်းကို ကျော်ပေးခြင်း

အာဏာပိုင်တွေက ဟိုဟာမလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့အမိန့်အာဏာဟူသမျ တာဝန်အရ ဖီဆန်ကြ’ လို့အမိန့်ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ဥပဒေတွေကို ထုတ်ပြန်လာတဲ့အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကိုကျနော်က စည်းကိုကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။
အခွင့်အရေးရတာနဲ့ စည်းကိုကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ -အရေးအကြီးဆုံး အချက်များ

၁ -အလံ
၂ -စကားပြောစက်
၃ -ရန်သူလူများ ထိုးဖောက်လာခြင်း

၁-အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲဖြစ်ရမယ်။
လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့ကတယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူနောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့အကျင့်ရှိတယ်။ ဒီအခါမှာ မသမာတဲ့သူတွေက အလံကိုရအောင်ယူပြီး ချီတက်တဲ့လမ်းကြောင်း ပြောင်းအောင်လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူလက်ထဲမှာပဲ ရှိစေရမယ်။

၂ -အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက်ဖြစ်တယ်။
အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ်ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင်လြံ့ဆော်နေချိန်မှာ မသာမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ်ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရပ်ြထွေးစေတဲ့စကားတွေ၊ စည်းပျက်ကမ်းပျက်ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ရှိတတ်ကြတယ်။

၃ -ရန်သူလူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက်ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့သူတွေကို စာရေးပြီှးုခိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊
ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေရလာပြီ ယူမလားဆိုပြီး လာခေါ်လေ့ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့နေရာတွေကို ခေါ်ဆောင်လေ့ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင်တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာလမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့လူထုကို ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့သူတွေဟာ ကိုယ်လူတွေပဲဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်းဖြစ်စေတဲ့နေရာတွေမှာ ဆန္ဒပြပွဲမလုပ်မိဖို့အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပြတ်တဲ့နေရာဖြစ်နေလို့ဖြစ်တယ်။


င -အလုပ်သမားတွေ သပိတ်ထဲပါလာအောင် ဘယ်လိုလုပ်ခဲ့သလဲ

၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ၀န်ကြီးဌာနက ၀န်ထမ်းတွေကို သပိတ်ထဲပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံးစက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁၀၀ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင်မထွက်ရဘူးဆိုပြီး တံခါးတွေ ပိတ်လိုက်တဲ့ အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။
ဘာဖြစ်လို့လဲ

၁ -ကျောင်းသားတွေ ဦးဆောင်လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား
၂ -ငါအလုပ်ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ
၃ -လူသားမှာ ဗီဇအရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှုသဘောတရား တွေကြောင့်ဖြစ်နိုင်တယ်။

ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲပါဝင်ဖို့ အလုပ်မဆင်းဘဲ ကန့်ကွက်ဆန္ဒပြဖို့ ဖြစ်တယ်။
ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော် ဘူတာနားက မီးရထားသံလမ်းတွေကို ဆွဲဖြုတ်ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေးလိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလိုဖြစ်လာတယ်။ လမ်းတွေပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။
(မီးရထားသံလမ်းတွေကို ဖြုတ်ပြီးတဲ့အခါမှာတော့ ရန်ကုန်ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်းပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။ မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)


မီးရှို့ပေးရခြင်း

ကိုယ်ဘက်က အထိခိုက်အကျဆုံးတွေဖြစ်လာတဲ့အခါ၊ စစ်တပ်က လူထုလှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းလာတဲ့အခါမှာ ကိုယ့်ဘက်က အကြမ်းဖက် တန်ပြန်တိုက်ခိုက်နိုင်တယ်။ အကောင်းဆုံးနည်းကတော့ မီးရှို့ပေးခြင်းဖြစ်တယ်။

- စစ်တပ်၊ အစိုးရ နဲ့ အစိုးရနဲ့ ပေါင်းသင်းနေတဲ့သူတွေရဲ့ ကားတွေကို မီးရှို့ပစ်သင့်ပါတယ်။
- အစိုးရစီးပွားရေးလုပ်ငန်းတွေ၊ စစ်အစိုးရရဲ့ ဟိုတယ်တွေကို မီးရှို့ပစ်သင့်တယ်။
- အခွင့်ရေးရရင် ရဲစခန်းတွေ ၊ အစိုးရရုံးတွေ မီးရှို့ပစ်ရပါမယ်။

နိုင်ငံတကာ အကြမ်းမဖက် လူထုလှုပ်ရှားမူတိုင်းမှာ မီးရှို့တွေပါဝင်လေ့ရှိတယ်။
မဟတ္တမဂန္ဓီကြီးရဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေဆိုတာ အပေါ်ယံသာ အကြမ်းမဖက် လှုပ်ရှားမှုလို့ ကြွေးကြော်ထားပေမယ့် အောက်ခြေက တက်ကြွလှုပ်ရှားတဲ့သူတွေက လူထုလှုပ်ရှားမှုကို အာဏာရှင်တွေက ဖိနှိပ် ဖြိုခွင်းတိုင်းသူတို့က မီးရှို့တဲ့နည်းတွေနဲ့ အများဆုံး တုံ့ပြန်ခဲ့ကြတာကို သတိပြုသင့်တယ်။
အကြမ်းမဖက်တဲ့လှုပ်ရှားမှုနဲ့ အောင်ပွဲခံခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ တောင်အာဖရိက အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ၂ ခုစလုံးမှာ အကြမ်းဖက် တိုက်ခိုက်တုံ့ပြန်ခဲ့မှုတွေက မြန်မာနိုင်ငံမှာထက် အများဆုံးဖြစ်ပွားခဲ့တဲ့ သမိုင်းအချက်အလက်တွေ ရှိပါတယ်။

၈၈ လှုပ်ရှားမှုကြီးကိုပြန်ကြည့်ရင် မတ်လ ၁၃ ရက်နေ့မှာ ဖုန်းမော် ကျဆုံးတယ်။
မတ် ၁၆ ရက်နေ့မှာ ကျောင်းသားတွေ ၁၀၀ ကျော် ထပ်မံအသတ်ခံရတယ်။
ဒီတော့ လူထုတွေကျောင်းသားတွေ စိတ်ထဲမှာ မွန်းကျပ်နေခဲ့တယ်။ စိတ်ပျက်အားလျော့မှုတွေဖြစ်ပေါ်လာခဲ့တယ်။ ဒီတော့ သိမ်ကြီးဈေး စီရုံ ကုန်တိုက်ကြီးကို ကျနော်တို့ မီးရှို့တိုက်ခဲ့ပေးခဲ့တယ်။ ဒီတော့ လူထု စိတ်ဓာတ်ပြန်လည်တက်ကြွလာတယ်။
အကြမ်းဖက်မှုဟာ မကောင်းဘူးလို့ ပြောလို့ရပေမယ့် ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုကြီးရဲ့ လိုအပ်ချက်နည်းနာတခု necessity ဖြစ်ပါတယ်။


ယန္တရားများကို ဖြိုချပေးခြင်း

အစိုးရယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့
သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့နှောင့်ယှက်ပေးရတာဖြစ်တယ်။
၈၈ တုန်းက စိန်လွင် တက်လာတဲ့နောက်ပိုင်းမှာ ချီတက်ဆန္ဒပြတာတွေကိုလုပ်ဆောင်ဖို့ အတော်ခက်ခဲလာခဲ့တယ်။ ဒါကြောင့်ကျနော်တို့က ကိုယ်နဲ့အနီးစပ်ဆုံးရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့နေရာမှာ အသုံးပြုရတဲ့နည်းစနစ်ကတော့
- ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။

၈၈ တုန်းက ကျနော်တို့က မဆလပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံအော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ကြေညာချက်အသံက မဆလဒေါက်တိုင်တွေကို ခြောက်ခြားစေခဲ့ပါတယ်။

ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ကြေညာချက်ကတော့ တိုတိုနဲ့လိုရင်းရေးခဲ့ပါတယ်။
ဥပမာပြောရရင် -

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ရာဇသံ

မဆလ ပါတီဝင် အပေါင်းတို့ ... သင်တို့ မဆလပါတီဝင်အဖြစ်မှ နုတ်ထွက်ရန် ငါတို့ပြည်သူတရပ်လုံးက တောင်းဆိုသည်။
သင့်တို့ မတရားမှုလုပ်ဆောင်ချက်များကို ငါတို့သည်းခံတော့မည်မဟုတ်။
မနက်နောက်ဆုံးထားပြီး သင့်တို့မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသားပြည်သူများထံ လာရောက်အပ်နှံရမယ်။
မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည်မဟုတ်။

ပုံ
ဗကသများအဖွဲ့ချုပ်

ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို
ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေထဲမှာ လိုက်လံအော်ခဲ့ကြတယ်။
ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံးအပိုင်းမှာ ကျနော်တို့လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်ပြစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိကလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရန်သူရဲ့
အမိန့်ပေးစနစ် Command and Control ကို ရပ်တန့်သွားအောင်လို့ဖြစ်တယ်။
၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့အတွက် မဆလပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နုတ်ထွက်လွှာတွေ လာရောက်တင်ခဲ့ကြတယ်။
မဆလပါတီ ထိပ်သီးခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင်မထွက်ရဲခဲ့ကြဘူး။
အမိန့်ပေးစနစ်တခုလုံး ဖြိုချတာခံခဲ့ရလို့ဖြစ်တယ်။

လူထုအုပ်ချုပ်ရေးအသစ်ကိုအစားထိုးခြင်း

တော်လှန်ရေးတခု အောင်ပွဲခံတယ်မခံဘူးဆိုတာဟာ အုပ်ချုပ်ရေးအသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောင်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဗြိတိသျထောက်လှမ်းရေး အကြီးအကဲဟောင်းတခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့်အောင်ပွဲမခံရသလဲဆိုတာနဲ့ပတ်သက်လို့ သုတေသနပြုခဲ့တယ်။ သူရဲ့တွေ့ရှိချက်အရ တချို့သူပုန်အဖွဲ့တွေဟာ အစိုးရအဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ်တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်းနိုင်ခဲ့ကြတယ်။

၈၈ ရဲ့ မဟာသွေးသင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့အမြင့်ဆုံးအပိုင်းမှာ အစိုးရတရပ်ကို ကျနော်တို့မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပန်းခဲ့ပေမယ့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ တတ်သိပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင်အစိုးရဖွဲ့စည်းရေး စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပါ။ ဒီကာလက ကျနော်တို့ အစိုးရဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ထောက်ခံဖို့ ကတိပြုခဲ့သော်လည်း၊ အမေရိကန်ရေတပ်သင်္ဘောက မြန်မာ့ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း ကျနော်တို့ အောင်ပွဲလက်တကမ်းအလိုကျမှ အရှုံးကိုရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကိုရောက်လာတဲ့နက် တပြိုင်နက် ကျနော်တို့ဟာ
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဦးဆောင်ပြီး
ကြားဖြတ်အစိုးရတရပ်ကို ဖွဲ့စည်းဖို့လိုပါတယ်။ ဒါကို အားလုံးက ၀ိုင်းထောက်ခံဖို့လိုပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ (နအဖ) စစ်အစိုးရ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံသုံးပြီး ဖြိုချဖို့လိုလာတယ်။
နအဖ အုပ်ချုပ်ရေးနေရာတွေမှာ ဒီမိုကရေစီလူထုအုပ်ချုပ်ရေးတွေနဲ့ အစားထိုးရမယ်။

ကျေးရွာရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့ ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာလုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။ လမ်းပန်းဆက်သွယ်ရေးကို တာဝန်ယူပေးရမယ်။ တရားဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။ လူထုထဲအတွက် စားရေရိက္ခာများ ဖြန့်ဖြုးပေးရမယ်။
ဒါကို ကျေးရွာ ရပ်ကွကှ်ုမို့နယ် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။
ရဲစခန်းတွေကို ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးအောက်မှာ တည်ရှိစေရမယ်။

မိုးသီးဇွန်

6 comments:

YeKyawAungMDY said...

Good Plans for Burma Ko Moe Thee!! I absolutely agree with your plans!!

Unknown said...

-article need to spread to whole world and esp inside burma.

- keep non violent, rather violent,otherwise make justify for regieme to use violence

Unknown said...

we agree with you ko moe thee zon

IT Force(Burmese)

Unknown said...

Dear Ko Moe Thee Zon..

Your article really inspires me. It should be delivered to people inside. I agree with your first point: wearing uniform is very obvious to be attacked among people. And sometimes, I think leaders need to consider about long-term commitment rather than being arrested like pets. I hope more anti-junta activities will be accelerated after reading your article. Thanks and wish you may think more options which really work for democratic movement. Good Luck !!

Unknown said...

attack Ya Wa Ta office and Kyant Phot office in every way

eg; phone attack to ya wa ta directly or family members of them not to involve in attacking demonstartors

letter attack to USDA township head and CEC ect

Unknown said...

အဲဒီ ငရဲမှာ သေနှင့်တော့ နယ်သားကြီးရေ...

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.