မြတ်
စွာဘုရားသခင်
ဘေးအန္တရာယ်အပေါင်း၏
လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်း
ဆုမတောင်းမိပါစေနှင့်၊
ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါ
အကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။
ကျွန်ုပ်
ဆင်းရဲဝေဒနာကို လျော့ချဖယ်ရှားဖို့
ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကို
ခံနိုင်သည့် အောင်နိုင်သည့် နှလုံးသား သာရှိပါရစေ။
ကျွန်ုပ်
ရင်ဆိုင်နေရသော ဘ၀တိုက်ပွဲများတွင်
စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်
ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။
ကျွန်ုပ်
အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်
မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်
ကိုယ်တိုင် လွတ်မြောက်မှုကို
စိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့
မျှော်လင့်ပါရစေ။
ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို ခံစားသည့်
သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်
ကျရှုံးလျှင်လည်း သင်လက်၏ ဆုပ်ကိုင်မှုကို
ရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။
တဂိုး၏ကဗျာကို စာရေးဆရာမ ဂျူးမှ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ကျနော်အနှစ်သက်ဆုံး ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
ကိုရွှေဘိုသားရဲ့ ဘလော့ မှကူးယူတင်ပြပါတယ်။
Friday, September 28, 2007
သတ္တိခွန်အား ရှိစေချင်သည်
Subscribe to:
Post Comments (Atom)
1 comment:
this poem contradict itself....
If you want to be so dependable on yourself.....why still preying for these abilities..
Why not practice to obtain these abilities...
"Please give me these abilities??"..still depending on god.
Post a Comment