ရွက်မွန်စာမျက်နှာ

Tuesday, September 18, 2007

ပုန်ကန်သူလေး (စာအုပ်ဒေါင်းလုပ်)

ပုန်
ကန်သူလေး (စာအုပ်ဒေါင်းလုပ်)
အကြမ်းမဖက် လှုပ်ရှားမှု ပညာပေး

ဒီစာအုပ်က ငြိမ်းချမ်းရေးစာပေက ထုတ်ထားတာကြာပါပြီ။ အကြောင်းကတော့ ပိုလန်နိုင်ငံက ဆိုဗီယက်သြဇာလွှမ်းမိုးမှု ကို တော်လှန်ဆန့်ကျင်ကြသူတွေ အကြောင်းပါ။ အဓိကကတော့ မြေအောက်လှုပ်ရှားမှု နည်းနာတွေပါပဲ။ အခုလို သံဃာ ကံဆောင်ပွဲတွေ၊ လောင်စာဆီဈေးမြင့်လို့ ပြည်သူတွေ၊ ဒီမိုကရေစီ အင်အားစုတွေက လှုပ်ရှားလာကြတဲ့ အချိန်မှာ အသုံး ၀င်မယ် ယူဆလို့ တင်ပေးလိုက်ပါတယ်။ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

ဘာသာပြန်တဲ့သူက ကျနော့တို့ မိတ်ဆွေတဦးပါ။ သူက နာမည်မခံသော်လည်း ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ဖြစ်မြောက်လာတဲ့ အပေါ်မှာ ကျေးဇူးစကား ဆိုရပါလိမ့်မယ်။ ဖတ်ပါ။ ဝေငှပါ။ သင့်တော်သူတွေ လက်ထဲရောက်အောင် ပို့ပေးပါလို့ မေတ္တာ ရပ်ခံပါရစေ။

ရွက်မွန်

ဒီနေရာမှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

http://www.2shared.com/file/2286587/b4d24658/THELIT.html



1 comment:

Unknown said...

ကိုဇော်မင်း ရေ....
ကျနော်ဟိုတနေ့ကမှ ဒီဗွီဘီက တင်ဆက်သွားတဲ့ ဆားဗီးယားက နိုင်ငံရေးလှုပ်ရှားမှု အခွေကြည့်ဖြစ်တယ်။ အဓိကက ကျောင်းသားတွေ ဦးဆောင်တဲ့ အော်ပေါ်အဖွဲ့ လုပ်ခဲ့တာတွေကို စိတ်ဝင်စားမိတယ်။ အဲဒီအကြောင်း အပြည့်အစုံရှိရင် ဖေါ်ပြပေးပါဗျာ..

သူတို့အဖွဲ့လုပ်ကိုင်ပုံက ခေါင်းဆောင်ဆိုပြီး သီးသန့်မရှိဘူးတဲ့. တယောက်ယောက် အဖမ်းခံရလည်း ကျန်တဲ့သူတွေက ဆက်လုပ်နေနိုင်တယ် ဆိုဘဲ. ဦးဇော်ဝိတ်ကြီး တင်ဆက်သွားတာ ကြားလိုက်မိတယ်။

ပုန်ကန်သူလေး(The Little Conspirator )တအုပ်တော့ ကျနော့်မှာ ရှိသေးသဗျ.. အပြာရောင် အဖုံးနဲ့ စာအုပ်ပါးပါးလေး..
ဆားဗီးယားကျောင်းသားလှုပ်ရှားမှုအကြောင်း တင်ပါဦး စောင့်ဖတ်နေမယ်။
အပေါ်ဖက်တော့ သိပ်မရောက်ဖြစ်တော့ဘူး ။ ဒီဖက်အောက်ဖက် ရောက်ရင်လည်း ၀င်လာပါအုံး မဆုံဖြစ်တာတောင် ကြာခဲ့ပြီ။

မင်းဇော်

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.