လူ့
ဘ၀ရဲ့အဆုံး
ကြီးမားသော ဆုံးရှုံးမှု
အမှောင်ထုဟာ
သွေးဆာနေတဲ့
တောကောင်လို
သူ့ကို ၀ါးမြိုလိုက်တဲ့အခါ....
ဘ၀ဒဿန
လောကအလှ
ရသဗေဒအမြင်တွေ
မိုးနဲ့မြေမှာ ကွယ်ခြေပြီ။
တချိန်က
သူ့မျက်လုံးတွေ တောက်ပလျှက်
ညဥ့်နက်ညရဲ့
ကြယ်လေးပ ..
သူ့စေတနာ ကိုယ်ကျိုးမဖက်
တိုင်းပြည်အတွက်ပါ
ဘာကိုမှ မျှော်လင့်မထား
ရက်လျောစွာ ပေးလှူသွားတဲ့
အိုဘယ့် စစ်သားလေးငဲ့...
အခုတော့ (ခမြာ)
မသိရှာသေးဖူးထင့်
သူ့မျက်လုံးတွေဟာ
အဖိုးအနဂ္ဂထိုက်တန်စွာ
နန်စဉ်ရတနာတွေ ဖြစ်သွားကြလေရဲ့
ဆွစ်ဇာလန် ဘဏ်မှာလေ...။
မိုးသီးဇွန် (၁၉၈၅)
Wednesday, September 12, 2007
ရတနာမျက်လုံး
Posted by ရွက်မွန် at 9:53 AM
Labels: မိုးသီးဇွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment