ရွက်မွန်စာမျက်နှာ

Tuesday, October 23, 2007

ပြည်သူတွေ ဆောင်ရွက်နိုင်တဲ့ ဆန္ဒပြနည်းလေးတခု


ဟန်းပြည်သူတွေကို အကြမ်းဖက်ချေမှုန်းတာ ဘယ်သူကမှ မမေ့နိုင်ကြသေးပါဘူး။
စိတ်ထဲမှာ ပူဆွေးကြိမ်မီးအုန်း ဖြစ်နေကြရတုန်းပါ။ ဘယ်သူကမှတော့ အစိုးရကို မကျေနပ်ကြပါဘူး။ နေသေးသပ ချိုသွေး တမြမြ ရှိနေကြတာပါ။
ဒီအချိန်မှာ မြန်မာပြည်တွင်းက ဆရာတော်တပါးက အကြံပေးတာကို လူအများက သဘောတွေ့နေကြကြောင်း ကြားရပါတယ်။
သူပြောတာကတော့ ဓါတ်ရိုက်ဓါတ်ဆင်သဘောနဲ့ ဆောင်ရွက်နိုင်တဲ့ နည်းကလေးတခုပါ။ ဆရာတော်ပြောတာကတော့ ဒီနေ့ စစ်အစိုးရထုတ်ထားတဲ့ ပိုက်ဆံပေါ်က ခြင်္သေ့ပုံကို ကြက်ခြေခတ်ပစ်ဖို့ပါပဲ။ ဆရာတော်က “ခွေးခြေင်္သေ့” လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူအများက ဆောင်ရွက်နိုင်တဲ့နည်းဖြစ်သလို၊ နိုင်ငံရေးအရ တွေးကြည့်ရင်လည်း အတော်ကို လျော်ကန်တဲ့ ဆန္ဒပြနည်းလေး ဖြစ်ပါတယ်။
လွယ်လွယ်လေးပါ။ ပိုက်ဆံပေါ်ပါတဲ့ ခွေးခြင်္သေ့ကို ကြက်ခြေခတ်လိုက်ရုံပါပဲ။

ရွက်မွန်



No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.