ရွက်မွန်စာမျက်နှာ

Tuesday, October 30, 2007

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ (စာအုပ်ဒေါင်းလုပ်)

ကျ
နော်တို့ မြန်မာလူထုတွေမှာ ပြသနာတခုရှိပါတယ်။ ဒါက Non-violence လို့ပြောရင် အကြမ်းမဖက် လှုပ်ရှားမှု သက်သက်လို့ ထင်တတ်ကြတာပါပဲ။ မြန်မာဘာသာအားဖြင့်ကလည်း “နှလုံးရည်တိုက်ပွဲ”လို့ ခေါ်လေ့ရှိကြပါတယ်။ လက်ရုံးရည်ဆိုတာကတော့ အင်အားကိုသုံးတာ။ နှလုံးရည်ဆိုတာကတော့ ဦးနှောက်ကိုသုံးတာ၊ သို့မဟုတ် နှလုံးရည် သဘောထားကြီးတာမျိုးကို ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ ဗျူဟာသဘောမပါသလို၊ ဆန့်ကျင်ဖက် အတိုက်အခံကိုလည်း စနစ်တကျ ဖွဲ့စည်းထားပုံ ရှုမြင်သုံးသပ်မှုမျိုး အားနည်းတတ်ကြပါတယ်။

ဒီစာအုပ်ဖတ်ဖို့ တိုက်တွန်းပါရစေ။ ဒေါက်တာဂျင်းရှပ်ရေးပြီး မြန်မာ ဘာသာပြန်စာအုပ်ပါ။ အခုလိုအချိန်မှာ ဗဟုသုတ ဖြစ်စေမယ် ယူဆလို့ ပြန်တင်ပေးလိုက်ပါတယ်။

ဒီစာအုပ်ကို ထုတ်ဝေထားခဲ့တာ အတော်ကြာပါပြီ။ ၁၉၉၄ ခုနှစ်ကတည်းကဆိုတော့ ၁၃-နှစ်ကျော်တောင် ရှိလာပါပြီ၊ ဒီမူရင်း စာအုပ်ကို ရေးသူ ဒေါက်တာဂျင်းရှပ်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို တစိုက်မတ်မတ် လေ့လာနေခဲ့သူ ဖြစ်သလို၊ မြန်မာနိုင်ငံမှာ အကြမ်းမဖက်အံတုမှုတွေ စတင်လာစေဖို့လည်း စတင် လှုံ့ဆော်စည်းရုံးခဲ့သူ တဦးဖြစ်ပါတယ်။ ဒီစာအုပ်ကို ခေတ်ပြိုင်သတင်းစာက ဦးတင်မောင်ဝင်း ထုတ်ဝေခဲ့ပါတယ်။


ဒီစာအုပ်ကို လူအများကြားဖူးကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရကလည်း ဒီစာအုပ်အကြောင်းကို ရေးသားခဲ့ဖူး ပါတယ်။ သူတို့ကတော့ အနောက်တိုင်းနိုင်ငံတွေက ၀င်ရောက်စွက်ဖက်မှု ဆိုတာမျိုးတွေ စွပ်စွဲရေးသားခဲ့ပါတယ်။
ဒီစာအုပ်ကို မိတ်ဆက်ရရင်တော့ အကြမ်းမဖက်လှုပ်ရှားမှုရဲ့ အခြေခံသဘောတရားတွေကို ရှင်းပြထားပြီး ဆောင်ရွက် နိုင်တဲ့ အကြမ်းမဖက်နည်းလမ်း ၁၉၇ ခုကိုလည်း ဖော်ပြထားပါတယ်။

ဒီလို အသေးအဖွဲလုပ်ငန်းတွေလုပ်ရုံနဲ့ အာဏာရှင်အစိုးရက ပြုတ်ကျမှာလား။ မေးစရာရှိပါတယ်။ သူက ဗျူဟာမြောက် စစ်ဆင်ခြင်းပါတဲ့။ စစ်ရေးတိုက်ပွဲမှာ ဗျူဟာလိုအပ်သလို အကြမ်းမဖက်တိုက်ပွဲမှာလည်း မဟာဗျူဟာ၊ နည်းဗျူဟာတွေ လိုအပ်ပါတယ်။ အာဏာရှင် အစိုးရကို အိမ်တလုံးကိုကြည့်ရင် အိမ်ထောက်တိုင်တွေ တခုချင်း ရိုက်ဖြိုလှဲပြီး နောက်ဆုံး အောင်ပွဲခံရဖို့ နည်းနာပါတဲ့။

အခု အဲလ်ဘတ် အိန်းစတိန်း အင်စတီကျူးရှင်းအဖွဲ့ (The Albert Einstein Institution) ရဲ့ အင်တာနက်စာမျက်နှာမှာ ရယူ နိုင်ပါတယ်။ ဒီမှာ ဒီစာအုပ်သာမက မွှေနှောက်လှန်လှောစရာလေးတွေလည်း ရှိပါတယ်။ မြန်မာဘာသာပြန်အပြင် ချင်း၊ ဂျင်းဖော၊ ကရင်၊ မွန်ဘာသာပြန် စာမူတွေကိုလည်း ရယူဒေါင်းလုပ်လုပ်နိုင်ပါတယ်။

ရွက်မွန်


http://www.aeinstein.org/organizations98ce.html

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.