ရွက်မွန်စာမျက်နှာ

Tuesday, October 9, 2007

အကြမ်းမဖက် လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်တွေ ရနိုင်တဲ့ အင်တာနက် စာမျက်နှာ တခု

ဒီ
စာမျက်နှာမှာ စိတ်ဝင်စားစရာတွေ တွေ့ရပါလိမ့်မယ်။ A Force More Powerful (ပို၍ ကြီးသော ပြည်သူ့အင်အား) ဆိုတဲ့ အင်တာနက် စာမျက်နှာပါပဲ။ သွားရောက် လေ့လာစေလိုပါတယ်။ အကြမ်းမဖက်နည်းနာတွေကို ဂိမ်းကစားနိုင်အောင် လုပ်ထားတယ်လဲ ဆိုပါတယ်။ ကျနော်တို့တော့ မကစားဖူးပါ။ ခက်တာကတော့ အင်္ဂလိပ်လိုဖြစ်နေတော့ မြန်မာစာဖတ် ပရိဿတ် တွေအတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ။
တလောက ကျနော်တို့က ဖတ်သင့်တဲ့ A Force More Powerful လို့ခေါ်တဲ့ ပို၍ကြီးသော ပြည်သူ့အင်အား စာအုပ်ကို ဖတ်နိုင်ဖို့ ရွက်မွန်မှာ တင်ထားပေးခဲ့ပါတယ်။


ယခု အင်တာနက်စာမျက်နှာကတော့ ဒီစာအုပ်ရေးတဲ့ စာရေးသူ ပီတာ အက်ကာမင် (Peter Ackerman) ၊ ဂျက် ဒူဗယ် (Jack Du Vall)၊ နဲ့ စတိ ယော့က် (Steve York)၊ မာရီယမ် ဇင်မာမင်း (Mariam Zimmermam) တို့ ပူးပေါင်းဆောင်ရွက် ထားမှု ပါပဲ။ ၁၉၉၆ ခုနှစ် ကတည်းကစလို့ ဒီအင်တာနက် ပရောဂျက်ကို ဆောင်ရွက်ခဲ့ကြတယ် ဆိုပါတယ်။ သူတို့က အကြမ်းမဖက်တဲ့နည်းနဲ့ ပဋိပက္ခတွေကို အနိုင်ယူနိုင်တဲ့ နိုင်ငံတကာ ဌာန (International Center for Nonviolent Conflict) ကို ထူထောင်ထားပါတယ်။ ၀ါရှင်တန် ဒီစီ မြို့တော်မှာ ရုံးစိုက်ထားပြီး၊ သူတို့က လူထုအခြေခံတဲ့နည်းနဲ့ ခုခံရေး နည်းနာ မဟာဗျူဟာတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွေကို အားကောင်းချဲ့ထွင်နိုင်ဖို့၊ လူ့အခွင့် အရေးတွေ ပိုမိုရရှိအောင် လုပ်ဆောင်နိုင်ကြဖို့ ကူညီပေး နေပါတယ်။
သူတို့ အင်တာနက်စာမျက်နှာကိုလည်း သွားရောက်ကြည့်စေလိုပါတယ်။



ရွက်မွန်

1 comment:

Htoo Myat said...

အကြမ်းမဖက် တိုက်တာကလည်း တိုက်လို့ကို မပြီးနိုင်တော့ဘူးလား...

လက်နက်ကိုင် တော်လှန်ရေးသမားများကို အကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်နေသရွေ့တော့ နိုင်ငံတော် တော်လှန်ရေးကြီးလည်း ဒီအတိုင်းပဲ သွားမှာပဲ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.