ရွက်မွန်စာမျက်နှာ

Tuesday, November 27, 2007

တိုင်းပြည်ကြီးတပြည် ပြောင်းလဲဖို့ ကျနော်တို့ ကိုယ်တိုင် ပြောင်းလဲဖို့ မလိုသလော


ဘက်က တဘက်ကို အပြုတ်တိုက်၊ အပြတ်ရှင်း၍ နေ့ချင်းညချင်း (စည်းကမ်းပြည့်ဝသည့်) ဒီမိုကရေစီနိုင်ငံ ဖြစ်လိုသည့် ဆန္ဒများအား ဖယ်ရှားလိုက်နိုင်ကြ၍ ထင်သည်။ နိုင်ငံရေးကောင်းကင်သည် တဘက်သတ် အသာစီးရယူလိုသည့် တိမ်တိုက် များ၊ ဘယ်သူသေသေ ငတေမာ ပြီးရောဟူသည့် တရားသေ တိမ်တိုက်များ၊ အငြိုးတကြီးလက်စားချေလိုသည့် အာဃာတ တိမ်ညိုရိပ်များဖြင့် ကင်းစင်၍ ကြည်လင်ဝင်းပလာသည် ထင်ရ၏။ ခပ်လှမ်းလှမ်း၌ မရွေ့ချင်ရွေ့ချင်နှင့် တွယ်ဖက်နေချင်ကြ သေးသည့် မလိုတမာတိမ်ညိုတအုပ်ကို ရေးရေးမျှမြင်နေရသော်ငြား ငြိမ်းချမ်းရေး လေပြည်တချက် ဝေ့ရုံမျှဖြင့် လွင့်ပါးသွား နိုင်သဖြင့် လင်းတော့ချင်းတော့မည့် နိမိတ်များလေလားဟု ထင်မည်ဆိုက ထင်စရာပင်။

လူ့သက်တမ်း၏ သုံးပုံတပုံမျ အချိန်အပိုင်းအခြားတခုအား နိုင်ငံရေးထဲနှစ်မြှုပ်၍ ရုန်းကန်ကြိုးပမ်းနေသူ အမျိုးသမီးတဦး၊ အသက်အရွယ် အားဖြင့်ဆိုလျှင်လည်း (၆၀) ကျော်ပြီဖြစ်သဖြင့် ကျန်ရှိနေသေးသည့် လူ့သက်တမ်းအတွင်း အများအတွက် အကျိုးရှိစေမည့်၊ သမိုင်း၌ တွင်ကျန်ရစ်ခဲ့ စေမည့် အရေးကိစ္စတခုခုကို လုပ်ဆောင်လိုပေလိမ့်မည်။ သို့နှင့် လိုရင်းကို တန်း ပြောသည်။ “ပူးပေါင်းဆောင်ရွက်မည်”ဟူ၍။


သည်တကြိမ် ရှေ့ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရသည်မှာ အရင့်အရင်ကနှင့်မတူ။ ပိုင်းဖြတ်ချက်များနှင့် စိုက်လိုက် မတ်တတ် ချီတက်မည့် သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။

အပြောင်းအလဲဘယ်တော့ဖြစ်မလဲဟု မေးခွန်းထုတ်နေကြသူများ အတွက် အပြောင်းအလဲစပြီဟု တပ်လှန့်လိုက်သည့် နှယ်ပင်။ ဟုတ်သည်။ အခက်တကာ့အခက်ဆုံး “စိတ်ဓာတ်တော်လှန်ရေး”ကား စချေပြီ။

ဒေါ်အောင်ဆန်းစုကြည်၌ တပ်မတော်နှင့်ပတ်သက်လျှင် ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ကောင်းစေချင်သည့် စိတ်ထားရှိပေ မည်။ ပြည်သူ ချစ်သည့် တပ်မတော်မျိုး ဖြစ်စေချင်စိတ် ရှိပေမည်။ ဤအတွက် တခုခုလုပ်မပေးနိုင်လျှင် တာဝန်မကျေဟု ခံစားနေရပုံရသည့် စိတ်နေသဘောထား ကလည်း တနည်းတဖုံ စေ့ဆော်ခဲ့မည်ထင်သည်။ သို့နှင့် အဓိက အချက်(၃) ချက် ပါရှိသည့် သဘောထားကို ထုတ်ပြန်ခဲ့သည်။

ပထမအချက်မှာ ပါတီခေါင်းဆောင်များ အပါအ၀င် အတိုက်အခံအင်အားစုအားလုံးထံမှ လုပ်ပိုင်ခွင့် (mandate) ကို တိတိပပ တောင်းခံ ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ အမျိုးသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားများ၏ အခန်းကဏ္ဍ ကို ရှေ့တန်းတင်ပြောဆိုသည့် အချက်ဖြစ် သည်။ တတိယအချက်မှာ အာဏာပိုင်များ (ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရဟု မသုံး၊ စစ်အာဏာရှင်ဟုမသုံး၊ တဘက်သား နားခံသာအောင် “အာဏာပိုင်များ”ဟုသာ သုံးလေ့ရှိသည်) နှင့် “ပူးပေါင်း ဆောင်ရွက်မည်”ဟူ၍ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေး အဖြေရှာရေးအဆိုကို တစိုက်မတ်မတ် ပယ်ချခဲ့သည့် အစိုးရခေါင်းဆောင်တဦးက တဆင့်တိုး၍ “တွေ့ဆုံ ဆွေးနွေးမည်” ဟု (မည်သူမျ ထင်မှတ်မထားသည့်အချိန်၌) ထုတ်ဖော်ကမ်းလှမ်းလိုက်ခြင်းသည် မည်ကာမတ္တတော့ မဟုတ်တန်ရာ။ ထို့အတူ လွန်ခဲ့သည့် အနှစ် (၂၀) ခန့်ကတည်းက တွေ့ဆုံဆွေးနွေးမည်ဟု တရံမလပ် ပြောလာခဲ့သည့် နိုင်ငံရေး ခေါင်းဆောင်တဦးက တဆင့်တိုး၍ “ပူးပေါင်းဆောင်ရွက်မည်” ဟု ပြောဆိုလိုက်ခြင်းသည်လည်း မည်ကာမတ္တ တော့ မဟုတ်တန်ရာ။ မည်သို့ပင်ဆိုစေ အပြောင်းအလဲကို လိုလားကြသူများထဲမှ အဓိကကျသည့် ပုဂ္ဂိုလ်များကိုယ်၌က အပြောင်းအလဲလုပ်ရန် တရားဝင် ထုတ်ဖော်ပြောဆို လာကြခြင်းသည် အသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးသည့် အဓိက မောင်းနှင်အားတရပ်ဖြစ်သည်ဟူ၍ကား ယူဆရမည်ပင်။

ဤနေရာ၌ ရှောင်လွှဲ၍မရသည့် မေးခွန်း(၂)ခုထွက်ပေါ်လာသည်။ (၁) အကယ်၍ တဘက်နှင့်တဘက် မပူးပေါင်း မဆောင် ရွက်ဘဲ ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်လက်တိုက်ခိုက်ကြဦးမည်ဆိုလျှင် ရှေ့၌ ဘာဖြစ်လာမည်နည်း။ (၂) အကယ်၍ တဘက်နှင့် တဘက် ပူးပေါင်းဆောင်ရွက်၍ လက်တွဲချီတက်ကြမည်ဆိုလျှင် ရှေ့၌ ဘာဖြစ်လာမည်နည်း။

မေးခွန်းအမှတ်(၁)၏ အဖြေသည် အပြုတ်တိုက်၊ အပြတ်ရှင်းရန်မှတပါး အခြားမရှိနိုင်။ ဤနည်းဖြင့် ချီတက်ခဲ့ကြသည်မှာ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်မှစ၍ ရေတွက်ပါက ၂၀၀၈ ခုနှစ်အထိဆိုလျှင် နှစ်ပေါင်း(၆၀)ပင်ရှိချေပြီ။ တိုင်းပြည်နှင့် တိုင်းသူပြည်သားများခမျာ ဖွပ်ဖွပ်ကြေနေ ကြ၍ ငါးပါးတင်မက သံဃာစင်ပါမှောက်သည့်ကိန်းသို့ပင် ဆိုက်ရောက် နေချေပြီ။ ထို့ကြောင့် ဤနည်းသက်သက်ဖြင့် ဆက်သွားသင့်မသင့် (တိုင်း ပြည် မျက်နှာနှင့် တိုင်းသူပြည်သားများ၏ မျက်နှာကို ထောက်ထား၍) တာဝန်ရှိကြသူတိုင်း ကိုယ့်အတိုင်းအတာနှင့်ကိုယ် ချင့်ချိန်ကြစေချင်သည်။

မေးခွန်းအမှတ်(၂) ၏အဖြေသည် စေ့စပ်ညှိနှိုင်း အပေးအယူလုပ်ရန်မှတပါး အခြားမရှိနိုင်။ အကယ်၍ မိမိတို့ဆန္ဒကို ဖော်ပြ နိုင်သည့် အခွင့်အရေးမျိုး တိုင်းသူပြည်သားများ၌သာ ရှိကြမည်ဆိုပါက ဤနည်းကို ဘာ့ကြောင့်များ မရွေးချယ် ကြသနည်း၊ ဘာ့ကြောင့်များ ပစ်ပယ်ထားကြ ပါသနည်းဟု သက်ဆိုင်ရာတာဝန်ရှိကြသူများအား ပြန်လှန်မေးခွန်း ထုတ်ကြ လေမည်လော မပြောတတ်။

ပူးပေါင်းဆောင်ရွက်သည့်နည်း (သို့) စေ့စပ်ညိ‡နှိုင်းအပေးအယူလုပ်သည့်နည်းဖြင့် လက်တွဲချီတက်ကြမည်ဆိုပါက ရှေ့၌ အပြောင်းအလဲ တရပ် မုချဖြစ်လာမည်ကား အမှန်ပင်။ သို့သော် မည်သို့သော အပြောင်းအလဲမျိုးနှင့် မည်သူ့အတွက် အပြောင်းအလဲမျိုး ဖြစ်လေမည်နည်းဟူသည့် ကိစ္စကိုမူ မည်မျှပူးပေါင်းဆောင်ရွက်နိုင်၍ မည်မျှအပေးအယူ ပြုလုပ်နိုင် သည်ဟူသည့် ငွေရောင်ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားကြရမည်ထင်သည်။

ဤသည်တို့ကို “အသွင်ကူးပြောင်းရေးကာလ စိုးရိမ်မှုများ”ဟု အမည်ပေးချင်မိသည်။ တဘက်နှင့်တဘက် ယုံကြည်ရ ခက်ခက် အခြေ အနေများမှအစပြု၍ တဘက်နှင့်တဘက် အလျော့အတင်း အပေးအယူလုပ်ရသည့် အခြေအနေ အားလုံးကို မတူသည့်ရှုထောင့်မှရပ်လျက် မတူသည့်အမြင်ဖြင့်ကြည့်၍ မတူသည့်စိုးရိမ်မှုများအဖြစ် ဆက်လက်ကိုင်စွဲ ထားနိုင်ကြသည့် အချက်သည် ဘက်အသီးသီး၌ ရှိနေနိုင်၍ဖြစ်သည်။

ကျနော့်အနေဖြင့်ဆိုလျှင် ပူးပေါင်းဆောင်ရွက်သည့်နည်း (သို့) စေ့စပ်ညှိနှိုင်းအပေးအယူလုပ်သည့်နည်းဖြင့် တိုင်းပြည်ကို အသွင်ကူး ပြောင်းရေး လမ်းကြောင်းပေါ် တွန်းတင်ပေးလိုက်စေချင်သည်။ ဤနည်းသည် ပဋိပက္ခထဲ၌ ပါဝင်နေကြသည့် ဘက်အသီးသီးအတွက်ရော၊ တိုင်းသူ ပြည်သားများအတွက်ပါ ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်ရသည့် နည်းလမ်းတခု ဖြစ်ကောင်း ဖြစ်နေနိုင်သော်ငြား နိုင်ငံသူနိုင်ငံသားအားလုံး မိမိတို့ တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြ မည်ဖြစ်သဖြင့် တာဝန်ရှိသူများချည်းလုပ်နေကြခြင်းထက် ပို၍ ခရီးတွင်မည်ကား အမှန်ပင်။

မည်သို့ပင်ဆိုစေ အသွင်ကူးပြောင်းရေးကာလ အနာတရဖြစ်မှုများကား မလွဲမသွေရှိနိုင်ခြင်းကိုမူ ရှောင်လွှဲ၍ မရစကောင်း။ သို့သော်ငြား အားသာသည်မှာ ဘက်တိုင်းဘက်တိုင်း၊ လူတိုင်းလူတိုင်းက အပြောင်းအလဲကို လိုလားနေကြသည့် အချက် ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများ အနေဖြင့်ဆိုလျှင် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး (စစ်တပ်ဖျက်သိမ်းရေးမဟုတ်) ကိုသာ ဦးတည်ကြခြင်း၊ တိုင်းရင်းသား အင်အားစုများအနေဖြင့် ဆိုလျှင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု (မည်သူမျှ ပဒေသရာဇ်ခေတ်ဘက် ခြေဦးမလှည့်လိုကြတော့) ပေါ်ထွန်းရေးကိုသာ ဦးတည်ကြခြင်း၊ အာဏာပိုင်များအနေဖြင့်ဆိုလျှင် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်တရပ် (စစ်အစိုးရအဖြစ် ဆက်လက်မရပ်တည်လိုတော့) ပေါ်ထွန်းရေး ကိုသာ ဦးတည်ကြခြင်း၊ တိုင်းသူပြည်သားများအနေဖြင့်ဆိုလျှင် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး (လက်စားချေရေးထက် မေတ္တာရှေ့ထားရေး လမ်းစဉ်) ကိုသာ ဦးတည်ကြခြင်းတို့ကို တရားဝင်ထုတ်ဖော်ကြေညာထားကြ၍ ဖြစ်သည်။

ဤထုတ်ဖော်ကြေညာချက်များသာ အမှန်ဖြစ်ပါက တဘက်ဘက်ကို အကျပ်ရိုက်စေမည့်၊ ချောင်ပိတ်သွားစေမည့် အနိုင် အထက် ပြောဆိုမှုများ မလုပ်ဖို့လိုအပ်ရုံမျှမက တဘက်က တဘက်ကို ၀င်ကြည့်၍ တစုံတရာနားလည်မှု ရှိကြောင်း ဖော်ပြ သည့် ထုတ်ဖော်ပြောဆိုချက်များကိုပင် လိုက်လျောညီထွေ ပြုလုပ်နိုင်ကြမည်ဆိုပါက ပို၍ပင် ခရီးရောက် ပေလိမ့် ဦးမည်။ သူ့အခက်အခဲ၊ သူ့အကျပ်အတည်းကို ကိုယ်ကနားလည်ကြောင်း ပြသလျှင် မည်သူမဆို ကျေးဇူးတင်မိပေမည်။ ထိုမျမက သူ့အခက်အခဲ၊ သူ့အကျပ်အတည်းကို သူနှင့်အတူ ပူးပေါင်းဖြေရှင်းလိုသည်ဟု ပြသပါမူကား အထူးပြောဖွယ် ရာပင်မရှိတော့။ ထိုအခြေအနေ၌ ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်မည်ဟု ကမ်းလှမ်းလိုက်ခြင်းသည် တနည်းအားဖြင့် အသိအမှတ်ပြုကြောင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ ဤ “အသိအမှတ်ပြုမှု”သည် အတိုင်းအတာတခုအထိ တာသွား ပေလိမ့်မည်။ တဘက်က တဘက်ကို အသိအမှတ်ပြုခြင်းနှင့် တဦးက တဦး၏ အသိအမှတ်ပြုမှုကို ခံယူရရှိခြင်းသည် ယုံကြည်မှုတည်ဆောက်ရေးအတွက် အမှန်ကန်ဆုံးနှင့် အထားသင့် အထားအပ်ဆုံးသော စိတ်နေသဘောထားများလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်ထင်သည်။

ယခုမူ တာဝန်ရှိကြသူများသည် ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် တိုင်းပြည်ကို အာရှနိုင်ငံများအလယ်၌၊ ကမ္ဘာ့ အလယ်၌ ပွဲလယ် တင့်စေရန် စဉ်းစားနေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် တိုင်းရင်းသားအသီးသီး၏ အခန်းကဏ္ဍများ ရှေ့တန်းရောက်လာစေရန် စဉ်းစား နေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် အစိုးရ တရပ် အတွက် မရှိမဖြစ်လိုအပ်သည့် “တရားဝင်မှု” ရရှိစေရန် စဉ်းစားနေသည်။ ပူးပေါင်း ဆောင်ရွက်သည့်နည်းလမ်းဖြင့် အမျိုး၊ ဘာသာ၊ သာသာနာကို ကာကွယ်စောင့်ရှောက်ရန် စဉ်းစားနေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် ငတ်မွတ် ခေါင်းပါးမှုနှင့် ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်စေရန် စဉ်းစားနေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် “လက်စားချေမှု”များ မပေါ်ပေါက်စေရေးကို စဉ်းစားနေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် သွေးချောင်းစီးမှု ကင်းစွာ၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်စေရန် စဉ်းစားနေသည်။ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် (နေ့ချင်း ညချင်း ဒီမိုကရေစီနိုင်ငံအဖြစ်သို့ မရောက်ရှိနိုင်သော်ငြား) ဒီမိုကရေစီတပိုင်းနိုင်ငံ အဖြစ်မှသည် ဒီမိုကရေစီထွန်းကား၍ ညှိနှိုင်းအဖြေရှာကြသည့် လူ့အဖွဲ့အစည်းတရပ်ဆီသို့ ဦးတည်နိုင်စေရန် စဉ်းစားနေသည်။

ယခုအချိန်၌ အတိုက်အခံအားလုံးအနေဖြင့် အဓိကကျသည့် အချက်(၃) ချက်ကို လုပ်ဆောင်သင့်သည်ဟု ထင်မိသည်။ ပထမ တချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ပိုင်ခွင့်အပြည့်အ၀ပေးရန်ဖြစ်သည်။ ဒုတိယတချက်မှာ မိမိတို့၌လည်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ကမ်းလှမ်းကြရန်ဖြစ်သည်။ တတိယတချက်မှာ ပြည်သူလူထု တရပ်လုံး အား အာဃာတကင်းစင်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် အဆက် မပြတ် တိုက်တွန်းလှုံ့ဆော်နေကြရန်ဖြစ်သည်။ တခုအားသာ သည်မှာ မိမိတို့ယုံကြည်ချက်ကိုဆက်လက်ကိုင်စွဲ၍ မိမိတို့အားသန်သည့် နည်းလမ်း အပြင် အခြားနည်းလမ်း တခုကိုပါတွဲ၍ အကောင်အထည်ဖော်ကြည့်ခြင်းဖြင့် စိန်ခေါ်မှုတရပ်ကို လက်ခံခြင်းဟုဆိုလျှင် ရနိုင်ကောင်း၏ဟု ထင်မိသည်။

ထို့အတူ အာဏာပိုင်များအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို လက်ခံ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် သွားသင့် သည်ဟု ထင်မိသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သင့်သည့် အင်အားစုများအား ပါဝင်စေခြင်း၊ ပါဝင်သင့်သည့် ပုဂ္ဂိုလ်များအား ပါဝင်စေခြင်း စသည့် နည်းလမ်းများဖြင့် စကားဝိုင်းကို ချဲ့ထွင်သွားသင့်သည်ဟုထင်မိသည်။ အကယ်၍ အကျဉ်းကျခံနေရသူများထဲမှ ပါဝင်သင့်သူများရှိပါက လွတ်ငြိမ်းခွင့် ပေး၍ ပါဝင်စေသင့်သကဲ့သို့ ဘာသာရေး ခေါင်းဆောင် များအား ပါဝင်ခွင့်ပေးခြင်းဖြင့်လည်း အသွင်ကူးပြောင်းရေးကာလ အနာတရဖြစ်မှုများကို ကျော်လွှားနိုင်ပေလိမ့်မည်။ အားသာချက်နှစ်ခုမှာ အာဏာပိုင်များအနေဖြင့် ဤအချက်များကိုလုပ်ဆောင်ခြင်းဖြင့် တိုင်းသူပြည်သားများထံမှ ယုံကြည်မှု ကို ပြန်လည် ရယူနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သည့်အပြင် နိုင်ငံတကာအစိုးရများထံမှလည်း တန်းတူရည်တူ အစိုးရတရပ် အဖြစ် သတ်မှတ်ဆက်ဆံသည့် အသိအမှတ်ပြုမှုမျိုးကိုပါ ပြန်လည်ရယူနိုင်မည့်အခွင့်အလမ်းတို့ ပေါ်ပေါက်လာ နိုင်ခြင်းပင်ဖြစ်သည်။

ထို့အတူ တိုင်းသူပြည်သားများအနေဖြင့်လည်း တာဝန်ရှိသူများအချင်းချင်း တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းအဖြေရှာ နေကြသည့် ဖြစ်စဉ်ကို အဆင့်ဆင့်တိုးတက်သွားစေရန်နှင့် အကျယ်အပြန့်ဖြစ်လာစေရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်ဆောင်ရွက်သင့်ပေသည်။ ဤဖြစ်စဉ်သည် နေ့ချင်းညချင်းအဖြေထွက်မည့် ပုစ္ဆာတပုဒ်ကို တွက်နေခြင်းမဟုတ်သဖြင့် ထိုက်သင့်သည့် အချိန်ယူမှုတော့ ရှိကောင်းရှိနိုင်ပေသည်။ ထို့အတူ ဤဖြစ်စဉ်အတွင်း နားလည်မှုလွဲမှားမှုများ၊ အထင်အမြင် လွဲမှားမှုများ၊ ပျက်လုပျက်ခင် အခြေအနေများ၊ ယုတ်စွအဆုံး သွေးထွက်သံယို ဖြစ်မှုများ အပါအ၀င် ဖြစ်စဉ်ကြီးတခုလုံး သဲထဲ ရေသွန်ဖြစ်သွားရခြင်းမျိုးနှင့်လည်း ကြုံကောင်းကြုံရနိုင်သဖြင့် စိတ်ရှည်ကြရန် အထူးအရေးကြီး ပေသည်။ နှစ်ပေါင်း(၆၀) မျှ အရင်းအနှီးကြီးကြီးပေးဆပ်၍ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလာခဲ့ပြီးကာမှ နောက် လေးငါးဆယ်နှစ်လောက် ထပ်စောင့် ရဦးမည်ဆိုလျှင်လည်း အပန်းမကြီးသည့် စိတ်နေသဘောထားမျိုး မွေးမြူနိုင်ကြလိမ့်မည်ထင်သည်။

စစ်တပ်ကို စစ်တန်းလျားပြန်ပို့မည်ဟူသည့် စိတ်နေသဘောထားအစား တပ်မတော်သည် တိုင်းပြည်အတွက် တာဝန်ရှိမှု၌ အဓိကကျ သည့် ဘက်တဘက်ဖြစ်သည့်အတွက် တိုင်းပြည်အုပ်ချုပ်ရေး၌ သင့်တော်သည့် ရာခိုင်နှုန်းအချိုးအစားဖြင့် ကာလ တခုအထိ ပါဝင်ဆောင်ရွက်ခွင့် ရှိသင့်သည်ဟူသည့် စိတ်နေသဘောထားမျိုးထားဖို့ ကျနော်တို့ မည်မျှအထိ အဆင်သင့် ဖြစ်နေပါပြီလဲ။

အတိုက်အခံပြုလျှင် ချေမှုန်းပစ်ရမည်ဟူသည့် စိတ်နေသဘောထားအစား အတိုက်အခံများသည် တိုင်းပြည်အတွက် တာဝန်ရှိမှု၌ အဓိကကျသည့် ဘက်တဘက်ဖြစ်သည့်အတွက် တိုင်းပြည်အုပ်ချုပ်ရေး၌ သင့်တော်သည့် ရာခိုင်နှုန်း အချိုး အစားဖြင့် ကာလတခုအထိ ပါဝင် ဆောင်ရွက်ခွင့် ရှိသင့်သည် ဟူသည့် စိတ်နေသဘောထားမျိုးထားဖို့ ကျနော်တို့ မည်မျအထိ အဆင်သင့်ဖြစ်နေပါပြီလဲ။

သို့သော် လက်ရှိအခြေအနေကို ခွ၍ အကျိုးဖြစ်ထွန်းနေသူများအနေဖြင့် အပြောင်းအလဲကို လိုလားကြမည်မဟုတ်ပေ။ အပြောင်းအလဲ ကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်မည့်သူများ၊ အပြောင်းအလဲကြောင့် အာမခံချက်မရှိနိုင်ဟု ယူဆထားကြသူ များသည် နယ်ပယ်တိုင်း၌ ရှိနေနိုင်ပေ သည်။ ဤသူများသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ဖျက်လိုဖျက်ဆီး လုပ်မည့်သူများနှင့် တစိုက်မတ်မတ် အန္တရာယ်ပြုမည့်သူများလည်း ဖြစ်ကြပေသည်။ “အသွင်ကူးပြောင်းရေးကာလ စိုးရိမ်မှုများ”ဟု သတ်မှတ်နိုင်မည့် ပြဿနာများထဲ၌ “လုပ်ကြံမှု”သည် အခရာအကျဆုံးသော ပြဿနာတရပ်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

ယခုအချိန်၌ အထူးသတိပြုရမည့် အချက်တချက်ရှိနေသည်။ သဘောထားတင်းမာသူများနှင့် အပြောင်းအလဲကို မလိုလားသူ များက သဘောထားပျော့ပြောင်းသူများနှင့် အပြောင်းအလဲကို လိုလားသူများအား လုပ်ကြံနိုင်သည့် အချက်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံခံရမှုမှ အကာအကွယ်ပေးရမည်ဖြစ်ပါသည်။ ထို့အတူ တပ်မတော်အတွင်းမှ သဘော ထား ပျော့ပြောင်းသူများအားလည်း လုပ်ကြံခံရမှုမှ အကာအကွယ်ပေးရမည် ဖြစ်ပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို လိုလားသူတိုင်း လုပ်ကြံခံရနိုင်သည် ဟူသည့် အချက်ကိုလည်း အထူးသတိပြု၍ အပြန်အလှန်အကာအကွယ်ပေးကြရမည်ဖြစ်ပါသည်။

တိုင်းပြည်ကြီးတပြည် ပြောင်းလဲဖို့ တိုင်းသူပြည်သားများ၏ စိတ်နေသဘောထားများအား ပြောင်းလဲရန် လိုပါ၏လော။ တိုင်းပြည်ကြီး တပြည်ပြောင်းလဲဖို့ တိုင်းသူပြည်သားများ၏ ပြုမူဆောင်ရွက်ပုံများအား ပြောင်းလဲရန် လိုပါ၏လော။ တိုင်းပြည်ကြီး တပြည်ပြောင်းလဲဖို့ တိုင်းသူ ပြည်သားများ၏ တွေးခေါ်စဉ်းစားပုံအလေ့အထများအား ပြောင်းလဲရန် လိုအပ်ပါ၏လော။ တိုင်းပြည်ကြီး တပြည်ပြောင်းလဲဖို့ ကျနော်တို့ကိုယ် ကျနော်တို့ (မိမိကိုယ်မိမိ) ပြောင်းလဲရန် လိုအပ်ပါ၏လော။

ဒေါ်အောင်ဆန်းစုကြည်ပြောဖူးသည့် စကားတခွန်းရှိသည်။ “တော်လှန်ရေးတကာ့ တော်လှန်ရေးများထဲတွင် အားလုံးသော တော်လှန်ရေး များထက် အခက်ခဲဆုံးတော်လှန်ရေးမှာ စိတ်ဓာတ်တော်လှန်ရေးပင်ဖြစ်သည်”ဟူသည့် စကားဖြစ်သည်။ ဤ စကားလုံးသည် အလွန်လည်း တာသွားသလို၊ ပြောပြီးနောက် လက်တွေ့လုပ်ရသည့်အခါ၌ ထင်ထားသည်ထက် ပို၍ခက်ခဲလိမ့်မည်ထင်သည်။

အောင်မော်
နိုဝင်ဘာ၊ ၂၆၊ ၂၀၀၇။
ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။


6 comments:

Anonymous said...

Arab Israel Annapolis Meeting ကိုကြည့်ပါ။ ၂ဖက်လုံးက
ကိုယ်စားပြုတဲ့သူတွေဖြစ်ရင် Plan B မရှိအောင်လုပ်ပေးနိုင်ပါတယ်။
မြန်မာပြည်မှာ နအဖ ကဘာဘဲပြောပြော အင်အားပြနိုင်ပါတယ်။ပြည်တွင်းမှာပြီးခဲ့တဲ့ အရေးအခင်းကြည့်ရင်လူထုအင်အားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်။NLD ရှိတယ်။ တိုင်းရင်းသားပါတီတွေရှိတယ်။
ပြည်ပမှာအင်အားပြနိုင်တဲ့အဖွဲ့ ကြီးကြီး နအဖကြောက်လောက်အောင် နအဖ Plan B မရှိလောက်အောင်ညီညွတ်နေတဲ့အဖွဲ့ မတွေ့ ရပါ။
UN USA UK pressure မြန်မာတွေလောက်မပေးနိုင်ပါ။
ညီညွတ်တဲ့အဖွဲ့ အစည်းတခုခုရှိနေရင် နအဖ ဆွေးနွေးမည်။ မဟုတ်ပါက သူ့ road map အတိုငးဇတ်မြောကြီးသွားပါတော့မယ်။

Anonymous said...

Arab Israel Annapolis Meeting ကိုကြည့်ပါ။ ၂ဖက်လုံးက
ကိုယ်စားပြုတဲ့သူတွေဖြစ်ရင် Plan B မရှိအောင်လုပ်ပေးနိုင်ပါတယ်။
မြန်မာပြည်မှာ နအဖ ကဘာဘဲပြောပြော အင်အားပြနိုင်ပါတယ်။ပြည်တွင်းမှာပြီးခဲ့တဲ့ အရေးအခင်းကြည့်ရင်လူထုအင်အားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်။NLD ရှိတယ်။ တိုင်းရင်းသားပါတီတွေရှိတယ်။
ပြည်ပမှာအင်အားပြနိုင်တဲ့အဖွဲ့ ကြီးကြီး နအဖကြောက်လောက်အောင် နအဖ Plan B မရှိလောက်အောင်ညီညွတ်နေတဲ့အဖွဲ့ မတွေ့ ရပါ။
UN USA UK pressure မြန်မာတွေလောက်မပေးနိုင်ပါ။
ညီညွတ်တဲ့အဖွဲ့ အစည်းတခုခုရှိနေရင် နအဖ ဆွေးနွေးမည်။ မဟုတ်ပါက သူ့ road map အတိုငးဇတ်မြောကြီးသွားပါတော့မယ်။

Anonymous said...

Arab Israel Annapolis Meeting ကိုကြည့်ပါ။ ၂ဖက်လုံးက
ကိုယ်စားပြုတဲ့သူတွေဖြစ်ရင် Plan B မရှိအောင်လုပ်ပေးနိုင်ပါတယ်။
မြန်မာပြည်မှာ နအဖ ကဘာဘဲပြောပြော အင်အားပြနိုင်ပါတယ်။ပြည်တွင်းမှာပြီးခဲ့တဲ့ အရေးအခင်းကြည့်ရင်လူထုအင်အားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်။NLD ရှိတယ်။ တိုင်းရင်းသားပါတီတွေရှိတယ်။
ပြည်ပမှာအင်အားပြနိုင်တဲ့အဖွဲ့ ကြီးကြီး နအဖကြောက်လောက်အောင် နအဖ Plan B မရှိလောက်အောင်ညီညွတ်နေတဲ့အဖွဲ့ မတွေ့ ရပါ။
UN USA UK pressure မြန်မာတွေလောက်မပေးနိုင်ပါ။
ညီညွတ်တဲ့အဖွဲ့ အစည်းတခုခုရှိနေရင် နအဖ ဆွေးနွေးမည်။ မဟုတ်ပါက သူ့ road map အတိုငးဇတ်မြောကြီးသွားပါတော့မယ်။

Unknown said...

hello koaung maw,
thank you for your post.i totally agree with your idea.in future we have to face alot of diffculties but we must to do push to dialouge between all groups for our country and people.
i don't want our country is to be a fail stste.
hta2

Unknown said...

hello koaung maw,
thank you for your post.i totally agree with your idea.in future we have to face alot of diffculties but we must to do push to dialouge between all groups for our country and people.
i don't want our country is to be a fail stste.
hta2

Unknown said...

BBG Than Shwe Voodoo plan

Burma need a total change. But most came from the vision. And it is almost feel like real. Yes it is importance changes may come within next 6 months. If Army, monks, peoples and every body around the world can resist his voodoo plan we got back as normal Buddhism Burma. If not than we will get “A ye Gyi” era and all monks will become “A Ye Gyi” monks for future Burma. Let see why it can be happen.
Some already change.” Adjutant-General post and regional commanders’ posts were involved in the reshuffle."
Look like looking for cold blood killers (Commanders). He is not going to back out. He is already mad so he will do whatever to save his skin to win his last war. This is his last stand. He doesn’t have many cards in his hand. Only just last hard cards he is playing so dose not matter for him anymore. So he will kill more monks and peoples before he goes down to the drain in history.
Because of take over “Maggin” monastery and let the monks know that all monks will face similar faint if not given up and knee down to him. Presently many abbots (The Sangha Mahar Naryaka) are sleeping with him and defrocking the monks. I think many monks are getting feared. First if I’m a monk I fear for myself and faint too. Latter will get second though come in to save the Buddhism in Burma, which is to give up what army want. Remember Ball Ball Gyi Than Shwe came from psychological warfare school and he is doing as psychologically attacking the monks and peoples. So please noble monks don’t give up to him and “ Kyat Khat Waing” Ka Tone Gyi ( Sa Ya Daw). If “Kyat Khat Waing” Ka Tone Gyi takes over the Buddha law than True Buddhism in Burma is finish. Bending Buddha law monks Army will immense and it will go back to “A Ye Gyi” monks. Now already coming in force that whole Pago city has to offer the alms and moneys to “Kyat Khat Waing” Ka Tone Gyi by under Army knifes. It is trying to break the will of the Pago peoples and testing ground for further more extend to the whole Burma. First Alms (Sung) & moneys for forced donation. And latter “Midnight Blessing” at “Kyat Khat Waing” Ka Tone Gyi. If like that start happen even army officers will change as monks for “MIDNIGHT BLESSING”.
To do that BBG Than Shwe need Cool Blood killer Division Commanders that is what he is doing reshuffle army Commanders. Adjutant-General post and regional commanders’ posts were involved in the reshuffle at September.
Well “The Sangha Mahar Naryaka" Buddha Blessing for you.

SORRY TO SAY THAT “MIDNIGHT BLESSING” IS ONLY FOR LADIES, BECAUSE LADY FIRST. BBG “KYAT KHAT WAING” A YE GYI ARMY IS VERY
“A YE GYI” SAN TEL LEE. SORRY “ARMY SAN” TEL LEE.
LADIES FIRST FOR MIDNIGHT BLESSING. FUTURE MONKS CHATING….
BAY LEY SUB … BAY LAY SUB; BAY LAY SUB … BAY LAY SUB;

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.