ရွက်မွန်စာမျက်နှာ

Wednesday, November 28, 2007

ပြောင်းလဲမှုတိုင်း အကောင်းဘက်.... ဆောင်းပါးအပေါ် တုံ့ပြန်ချက်နှင့် ကိုဇော်မင်းမှ ပြန်လည်ဆွေးနွေးချက်

ညီ
ညွတ်ရေး အသစ်တည်ဆောက်ကြပါစို့

(ဒီနှိုးဆော်တိုက်တွန်းစာကိုဖတ်ရန်အတွက် ရွက်မွန်စာမျက်နှာမှ ကိုဇော်မင်း၏ “ပြောင်းလဲမှုတိုင်း အကောင်းဖက်ကို ဦးတည်ပါသလော” ဆောင်းပါးကို ပူးတွဲ ဖတ်ရှုစေလိုပါတယ်။)

ခုနှစ်ကုန်ပိုင်း ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်နဲ့ အတူ ပြည်တွင်းပြည်ပက ဗမာမျိုးဆက်သစ်၊ မျိုးဆက် ဟောင်းတွေ နိုင်ငံရေးပြန်လည် နိုးကြားလာကြပါတယ်။ အထဲမှာ စနေပြီ ဆိုကတည်းကလဲ အပြင်က ရံဖို့ တပ်ပေါင်းစုကြီး တခုဖွဲ့ကြပါလား ဆိုတဲ့ အထင်တွေ အသံတွေ ကြားနေခဲ့ရတယ်။ ဒါပေမဲ့ ဘယ်သူမှ ၀စီမမှုတ် လာကြဘူး။ ခုလဲ နိုင်ငံရေး ရေချိန် နည်းနည်း နှေးသွားချိန်မှာ အားမလို အားမရနဲ့ အဖွဲ့ကြီး တခုရှိသင့်တယ်ဆို ပြီး ခပ်ကျယ်ကျယ် အော်လာကြပြန်ပါပြီ။ နောက်ဆုံး ဖွဲ့လိုက်တဲ့ သံဃာ ဥသျှောင်အဖွဲ့က ပီနန်ဆရာတော်ကြီး ကတောင် စုစည်း ဖို့လိုတယ်လို့ အ ရိပ်တွေပြပြီး မိန့်နေပါတယ်။ အဲဒါ လဲ.ခုထက်ထိ ၀ီစီမှုတ်သံ မကြားရ သေး။ ၀စီရော ရှိကြရဲ့လား ကွယ်တို့ရေ။

အဆိုးမြင်တဲ့၊ ပုတ်ခတ်တဲ့ စကားတွေ ခုချိန်မှာ ခဏသိမ်းထား ကြရအောင်။ ဒီကိစ္စကြီးက သိပ်ကို မဖြစ်နိုင်လွန်း လို့လား။ ရွက်မွန် စာမျက်နှာမှာ ရေးထားသလို တောခွေးညီလာခံကြီးထဲ မုန့်ဆီကြော် ပြုတ်ကျသလို ဖြစ်လိမ့်မယ်လို့ တကယ်ပဲ သံသယ ရှိကြပါသလား။

အခြေအနေမှန်အရ သုံးသပ်ရင်တော့ အဲလိုဖြစ်ဖို့က များနိုင်ပါတယ်။ ဒါပေမဲ့ မုန့်ဆီကြော် ဘယ်နေမှန်း မသိပဲ နှုတ်ခမ်းနာနဲ့ မတဲ့ ဖြစ်မနေစေချင်ပါဘူး။

သမား ရိုးကျ အတွေးတွေကို ပစ်ပယ်လို့မရပေမဲ့ တခါတရံမှာ မထင်မှတ်တာလေးတွေက တန်ဖိုးရှိလာ တတ်ပါတယ်။ ဒီမိုး ဒီရေ ဒီလူတွေနဲ့တော့ ဒီလိုပဲ လာမှာပေါ့ ဆိုပြီး ကြိုတင် တရားမစီရင်ကြစေချင်ပါဘူး။ မျိုးစေ့ရှိနေပါတယ်။ စိုက်ကြည့်လိုက် ပါ။ ရေလောင်းကြည့်ပေးပါ။ အပင်ရှင်သန်လာဖို့ (သို့မဟုတ်) မရှင်သန်ဖို့ကို အခြေ အနေ တခုက ဖန်တီးသွားမှာပါ။ ဒီအချိန် မှာ မရှင်သေးဘူး ဒီနေရာမှာ မရှင်သေးဘူး ဆိုရင်လည်း၊ ရွှေ့စိုက်နိုင်ပါ သေးတယ်။ ဘာမှ ဖြစ်လာမှာလဲ မဟုတ်ပါဘူးကွာ လုပ်မနေပါနဲ့ ဆိုတဲ့. ယေဘုယျ ဆန်လှတဲ့ စိတ်ဓါတ်တွေကို တတ်နိုင်သမျှ ဖယ်ရှားကြပါစို့ လို့ နှိုးဆော်လိုပါတယ်။

နောက် တချက်က. “ဟဒါ တွေကအချောင်သမားတွေကွ” “ ပရောဂျက် နိုင်ငံရေးတွေ ပါကွာ.” ။ “ဒီလို ကောင်မျိုးနဲ့ သွား ပေါင်းလို့ ဒါပဲဖြစ်မှာပဲ” စသဖြင့် ပုဂ္ဂိုလ်ရေးတွေ ရှိပါတယ်။ ရန်-ငါစည်းတွေ ရှိနေပါတယ်။ အတော် ခက်ပါတယ်။ ဒါပေမဲ့ ခက်နေရုံနဲ့ မပြီးပါဘူး။ ပြဿနာတိုင်းမှာ ဖြေရှင်းချက်တွေ ရှိတတ်ပါတယ်။ လုပ် ကြည့်ကြပါ။ ရှာကြည့် ကြပါ။

ဒီမိုကရေစီဘက်မှာလည်း အချောင်သမားတွေ အကြပ်သမားတွေ ရှိမှာပါပဲ။ သူတို့ ရှိနေလို့ ဗမာ့ နိုင်ငံရေးကြီး က ရှေ့ဆက် မသွားရတော့ဘူးလား။ လမ်းပိတ်နေရင် လမ်းရှင်း ရမယ်၊ ဒါမှမဟုတ် ကျော်တက်ရမယ် ဆိုတာ လူတိုင်း တွေးကြည့်လို့ရတဲ့ လောဂျစ်တခုပါ။ အချောင်သမား၊ အခွင့်အရေးသမားတွေ အလုပ်ဖြစ်နေတယ် ဆိုရင် လည်း၊ လူကောင်းတွေ အလုပ်မလုပ် လို့ ဆိုတဲ့ စကားကို ထောက်ခံရမလားပဲ။ သေချာတာတော့ လုပ်သင့် သလောက် မလုပ်ကြလို့ပါပဲ။ အဲဒီတော့ လူကောင်းတို့ ရေ ...ကျေးဇူးပြုပြီး လောကကြီးရဲ့ မတော်မတရားမူ တွေကို စိတ်ပျက်လို့ဆိုပြီး၊ စောစောစီးစီး ပင်ရှင် မယူကြပါနဲ့အုံး။ ကိုယ့်ရဲ့ လက်ကလေး တရွေ့၊ ခြေကလေး တလှမ်း၊ ဉာဏ်လေး တဖြတ်ဟာ၊ ဆို ဆို သလောက် တန်ဖိုး ရှိနေပါတယ်။ ပြည်တွင်းထဲက တာဝန်ရှိ ၀န်ထမ်းကြီး တွေ ကုန်ကုန်ပြောရရင်၊ အခွင့်အာဏာ ရခဲ့ဘူး၊ ရနေကြတဲ့ စစ်ဗိုလ်၊ စစ်သားကြီး တွေထဲမှာ တောင် ကိုယ့်တန်ဖိုး ဟာ ဘာမှန်းကိုမသိလို့၊ ကိုယ့်လုပ်ဆောင်ချက်ကလေး တခုနဲ့ တပါးတယောက်၊ တသင်းတဖွဲ့ ကနေ တနိုင်ငံလုံး ထိတောင် ပြောင်းလဲသွားနိုင်တယ် ဆိုတာ သတိမမူမိကြတာတွေ အများကြီးပါ။ ဟိုလူနာဆောင်အမှတ် ၆ ၀တ္တု ထဲက အရူး ထောင်တာဝန်ကျ ဆရာဝန်လို ဘ၀မျိုးတွေ မများစေချင်ပါဘူး။

ရွက်မွန် စာမျက်နှာက ကိုဇော်မင်း ရဲ့ ဆောင်းပါး ကိုပြန် ကောက် ရရင်၊ အဲလို အဖွဲ့ ကြီး တဖွဲ့ ကို ဖွဲ့ ဖို့ဆို တာ ရှေ့မှာ အဖွဲ့ ကြီး တဖွဲ့ကရှိပြီးသား ဖြစ် နေတယ် လို့ သွယ် ၀ိုက်ပြီး တင်ပြ ထား တယ်။ ပေါ် တင် ပြော လိုက် မယ်။ ထင်တာ မလွဲဘူး ဆို ရင် တော့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်း အစိုးရကြီး ကို ပြော တာပဲ ဖြစ် မှာ ပါ။ ဒီ အဖွဲ့ ကြီး နဲ့ ပတ်သက်လို့ လူ ပြော သူပြော များ နေဝေ ဖန် နေ တာ တွေလည်း မကြား မဟုတ် ပါဘူး။ ဒါ ပေမဲ့ အများစု တာဝန် ရှိသူ တွေဟာ ဒီလောက် တော့စေ တနာ ညံ့မှာ မဟုတ်ဘူး ဆို တာ ရဲရဲ ကြီး ယုံ ကြည်ပါတယ်။ အနည်းဆုံး စွမ်း ဆောင်ရည် အားနည်းချင် နည်းမယ် ဒါလောက်ပါပဲ။

အဲတော့ အဓိက ပြောချင်တာက တကယ့် တပ်ပေါင်းစုကြီး တခုသာ လုံးလုံးခဲခဲ တကယ်ပေါ်လာမယ် ဆိုရင် အခု နေ တော်လှန်ရေး အကျော့ပြန်တွေ ဖြစ်လာခဲ့ရင် တကယ် အသုံးဝင်မယ် ဆိုတာပဲ။ ပြည်တွင်း ပြည်ပက လှုပ်ရှား သူတွေ အတွက်လည်း တကယ် အားတက်စရာ အားကိုးစရာ ဖြစ်လာပါ လိမ့်မယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း တိုက်ရိုက် စကားပြောနိုင်မယ် အကူအညီပေးနိုင်မယ်။ အထက်က ပြောတဲ့ ရှိပြီးသား အဖွဲ့ကြီးက လောလောဆယ်ဆယ်တော့ ဒီတာ ၀န်ကို ယူထားပေးပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အား အလုံးစုံကို ကိုယ်စား ပြု-မပြု ဆိုတာတော့မေးစရာ နည်းနည်း ရှိနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင် တွေကလာတော့ အားပေးတယ် ပြောတယ် ဆိုတယ်။ ဒါပေမဲ့ ဒီဖက်ကအသံလေးက ပျော့တိပျော့ဖတ် ဖြစ် နေ လို့လားပုံ ကြည့်ရတာ၊ ဟန်ပုံမပေါ်ဘူး ထင်လို့လားတော့ မသိ ဒီလောက်ကြီး ဖြစ်မလာပါဘူး။

အားသာချက်တွေလိုပဲ အားနည်းချက်တွေ ရှိလာနိုင်တာတော့ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ SWOT Analysis ( Strength. Weakness. Opportunity. Threat) တွေနဲ့ ချည်းကပ် အဖြေရှာ၊ ပြီးဆုံးဖြတ်ရမဲ့ စီးပွားရေး စီမံကိန်း တခု မဟုတ်ဘဲ မဖြစ်မနေကို ဆောင်ရွက်ရမဲ့ လိုအပ်နေတဲ့ အမျိုးသားတာဝန်တရပ်မို့ အားသာချက် တွေကိုပဲ ရှေးရှုပြီး အပြုသဘောနဲ့ အကောင်အထည်ဖော်ကြ စေချင်တာပါပဲ။

ဖြစ်လာနိုင်မဲ့ အားနည်းချက်တွေအတွက်လည်း နည်းလမ်းရှာပြီး ဖြေရှင်းဖို့ တချိန်တည်းမှာ လိုအပ်လာမှာပါ။ အလွယ်ကူဆုံး အနေနဲ့ ခုနပြောခဲ့သလို ရှေ့မှာ ဖွဲ့ပြီး ဖြစ်တဲ့ ညွန့်ပေါင်းအဖွဲ့ ကြီးဆီက သင်ခန်းစာတွေ ယူဖို့ပါပဲ။ ဥပမာ ထင်သာမြင်သာ ရှိဖို့ ကိစ္စတွေမှာပေါ့။ အခက်ခဲဆုံး အန္တရာယ် အရှိဆုံး ပြဿနာကတော့ Fund allocation အထူးသဖြင့်၊ ဗမာလူမျိုးတင်မက လူဆိုတာတိုင်းမှာ ဖြစ်တတ်တဲ့ ငွေနဲ့ပတ်သက်တဲ့ ကွဲမှု ပြဲမှု နားလည်လွဲမှု အလွဲသုံးစားမှု နေရာမှန်ကို မရောက်မှု စသဖြင့် ပေါ့။ အဲဒီအတွက်လည်း နည်းလမ်းတွေ ရှိမှာပါ။ ဒီလိုကြေးသာ ဆို ကမ္ဘာမှာ အဖွဲ့အစည်းဆိုတာတွေအကုန် နံမယ်ပျက်ကြေး လား။ ခြစားခံကြေးလား။ တခုတော့ ရှိတာပေါ့။ ဗမာလူမျိုးရဲ့ သမိုင်းအရ အဖွဲ့အစည်းနဲ့ ပတ်သက်ရင် အားနည်းချက် ကလေး တွေ ရှိတယ်။ အဲဒီအတွက်လည်း အကြံပေးချင်တာက အတွေ့အကြုံ ရှိတဲ့ ပြင်ပက (တခြားနိုင်ငံသား) လွတ်လပ်တဲ့ ကျွမ်း ကျင်တဲ့ ပညာရှင်တွေ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း တချို့ကို အကြံပေးပုံစံ ထည့်သွင်း ပေးဖို့ပဲ။ စာရင်းစစ် ဆိုတာ မျိုးက စလို့ပေါ့။ (အဲဒီ ပြဿနာအတွက် Brain Storm ထပ်လုပ်ကြပါ။)

အဲ... ၀စီမှုတ်ဖို့ကိုတော့ လောလောဆယ်ဆယ် ကွက်တိရပ်တိ ဖြစ်နေတာက ဗမာလူမျိုးတရပ်လုံးကအားရ ၀မ်းသာ စောင့်ကြည့် လက်ခုပ်တီးနေတဲ့ သံဃာ ဥသျှောင် အဖွဲ့ကြီး ( ပီနန်ဆရာတော်ကြီးပဲ ဖြစ်ဖြစ်) ကမကထ လုပ်ပြီး ၀စီမှုတ်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပဲနော်။ ဆရာတော်ကြီး ရင်ထဲမှာလည်း ဒီဆန္ဒ (စုစည်း ညီညွတ်ဖို့) အထူး ကိန်းအောင်း နေတယ် ဆိုတာ သုံးသပ်လို့ ရနေပါတယ်။

အရင်တုံးကလည်း ပြည်တွင်းက နိုင်ငံရေးသမားကြီးတွေ ပူးပေါင်းဖို့ ကြားခံလူငယ်၊ ကျောင်းသားတွေ မကြာခဏ ဆိုသလို တွေ့ဆုံပွဲ ကန်တော့ပွဲတွေ လုပ်ပေးဘူး ကြပါတယ်။ တတိယအုပ်စုတစု တကယ် လိုအပ်နေ ပါတယ်။ ခု ချိန်မှာ တဦးတဖွဲ့က ဘုန်းဘုန်းတို့ကို ချဉ်းကပ် ပန်ကြားပေးစေ လိုပါတယ်။ ကွင်းလယ်ဒိုင် လုပ်ပေးဖို့ပါ။

အားလုံးလေးစားတဲ့ ကြားခံက ၀စီမှုတ်ပေးပြီးရင် ခေါ်လိုက်ပါ။ လှည်းနေ လှေအောင်း ကားဂိုဒေါင်မကျန် ဗမာ ဒီမိုကရေစီ လိုလားသူများ၊ ဗမာ လွတ်လပ်ရေးလိုလား သော အဖွဲ့များ လာကြပါလို့ ကိုယ်စားလှယ်တွေလွှတ် ကြပါလို့။ ဟောဟို ရှိပြီး သား ညွန့်ပေါင်းအဖွဲ့ကြီးက စလို့၊ ဟိုး တောင်ဒဂုံက ကုန်ဈေးနှုံး ကျဆင်းရေး အဖွဲ့အထိ၊ စင်ကာပူက အိုးဝေ တွေမျိုးချစ်တွေ၊ ကိုရီးယားက စာကြည့်တိုက်တွေ၊ တဦးချင်း မီဒီယာတွေ အဖွဲ့မီဒီယာတွေ ဘုန်းဘုန်းတွေ ဟိုး တိုင်း ရင်းသား လက်နက်ကိုင် တွေ၊ လက်နက် မချ တချတွေ။ မီဒီယာတွေ မှာ လူကြား နေကျ ယဉ်ပါးနေကျ နိုင်ငံရေး လေ့လာ အကဲခပ်တွေ အဲဒီလူတွေကို အမြင်ကပ်ပြီး ကိုယ့်ဖာသာစာတွေ ကြိတ် ရေးနေတဲ့ အမည်မထွက်အုပ်စုတွေ။ တရုတ်နယ်စပ်က ကွန်မြူနစ် ပါတီဝင်တွေ ။ တကိုယ်တော် နိုင်ငံရေး သမားတွေ နိုင်ငံရေး အုပ်စု မဟုတ်လည်း လူမှုရေးအုပ်စုတွေ၊ ပညာရေး မြှင့်တင်ရေး အုပ်စုတွေ။ (ကျန်နေရင် ထပ်ဖြည့်ကြပါ။)

တယောက်နဲ့ တယောက်၊ မမြင်ဘူး မသိဘူး မတင်မကျ ဘ၀င်မကျ ဖြစ်နေတဲ့ လူတွေ ညီလာခံကြီးသာခေါ် လိုက်ပါ။ ကိုယ့် ဝေစုခွဲ မပေးချင်လို့ ငြိမ်နှပ်နေတဲ့ လူတွေ၊ မကျေနပ်လို့တွေ့တာနဲ့ ဆွဲထိုးမယ် ဆိုတဲ့လူတွေ၊ လုပ်စားသူတွေ၊ လှုပ်ရှားသူတွေ အကုန် စားပွဲဝိုင်းကြီးပေါ် ခေါ်တင်လိုက်ပါ။ မကျေနပ်တာတွေလည်း ပြောကြ ဗျာ။ ( လက်သီးထိုးပွဲတွေတော့ မဖြစ်စေနဲ့ ပေါ့)။

အေး... ပြီးရင် ကျန်တာ ဘာဆက်လုပ်ရမလဲ ဆိုတာတော့ ခိုင်မာတဲ့ လူရိုသေ၊ ရှင်ရိုသေမဲ့ ကိုယ်စားပြု ကော်မတီ ဖွဲ့ ။ တိကျတဲ့ အချိန်ဇယားရှိတဲ့ လမ်းစဉ် ရည်ရွယ်ချက်တွေ ချပြီး ဆိုင်းဘုတ်ထောင်တော့။ (နအဖ) ကို အသိပေး လိုက်တော့ပေါ့။

ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေတဲ့ စားပွဲဝိုင်းပေါ် ရောက်ရေး ဆိုတာ ဒါပါပဲ။ ပွင့်လင်းရေးမူ ၀ါဒပဲ။ ( ကိုယ့် ဘက်) ဒီမိုကရေစီဘက်က အတိုက်အခံချင်းကို အရင်စေ့စပ် အဖြေရှာ ညီညွတ်ရေး လုပ်တာပဲ။ ဘာမှလဲ မလုပ်ဘဲ တယောက်နဲ့ တယောက်ခွက်စောင်းခုပ် ပစ်စာရေး၊ စားမာန်ခုပ် လူမွေး ဆရာမွေးနေလို့ကတော့ ဒီမိုကရေစီ မိုးပေါ်က ကျလာတာသာ စောင့်ပေတော့။

(နအဖ) မှာ လဲ စားမာန်ခုပ်ရင်း အကွဲအပြဲနဲ့ ပါပဲ။ အေး...သူတို့က ကျောချင်းကပ် အမြီးချင်းချည်တဲ့ ဗျူဟာကို ကျင့်သုံးတယ်။ ကိုယ်တွေကတော့ မျက်နှာချင်းဆိုင်ပြီး အဖြေရှာတဲ့ ဗျူဟာကို ကျင့်သုံးရမယ်။ ကိုယ့်အချင်းချင်း မျက်နှာချင်း မဆိုင်သရွေ့ ညီညွတ်မှု မတည်ဆောက်နိုင်သရွေ့ ကျောချင်းကပ်ထားတဲ့ (နအဖ) အတွက် အကြိုက်တွေ့ နေမှာပါပဲ။

ကဲဝစီမှုတ်ပြီးလို့ အချိန်ကာလနဲ့အညီ အသစ် ပြန်လည်တည်ဆောက်ထားတဲ့ တကယ့် ညီညွတ်ရေးတပ်ပေါင်းစု ကြီးသာ ဖြစ်လာ ကြည့်ပါ။ အောင်မြင်ဖို့ လက်တကမ်းပါပဲ။

မဟော်ဂနီ
၂၅၊ ၁၁၊ ၀၇


သို့
မဟော်ဂနီခင်ဗျား။

ယေဘူယျအားဖြင့် မဟောဂနီ ဆိုတဲ့စာရေးသူရဲ့ တင်ပြမှုကို ကျနော့အနေနဲ့ အထူးကန့်ကွက်ဖို့မရှိပါ။ သူရည် ရွယ်ပြီးပြောတဲ့ အဖွဲ့မျိုးကြီးက လူတန်းစားပေါင်းစုံ အဖွဲ့ပေါင်းစုံ All walks of life ပါဝင်တဲ့ (လက်ရှိတပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်တာနဲ့မဆိုင်) အနေအထားကို ကြိုဆိုပြီး သံဃာတော်ဆရာတော်များပါ ပါဝင်တဲ့ အဖွဲ့ကြီးမျိုးကို ဆိုလိုတာ ဖြစ်တယ်လို့ ကျနော်အနေနဲ့ သဘောပေါက်ပါတယ်။ နောက်ထပ် အဝေးရောက်အစိုးရအသစ်ဖွဲ့ခြင်း နဲ့ ကွဲလွဲနေသလားလို့ မြင်ပါတယ်။

ကျနော့်ဆောင်းပါးမှာ ထောက်ပြထားတာက နောက်ထပ်အဝေးရောက်အစိုးတရပ် ထပ်ပြီးဖွဲ့မှာကို ဝေဖန် ထောက်ပြတာ ဖြစ်ပါတယ်။ လူတန်းစားအားလုံးနဲ့ဆိုင်တဲ့ တပ်ပေါင်းစုကိုမဆိုလိုပါ။ ကျနော့်ဆောင်းပါးမှာ နိုင်းယှဉ်ချက် ပါပါတယ်။ သေသေချာချာပြန်ဖတ်ရင် သဘောပေါက်မယ်ထင်ပါတယ်။ အားလုံးအကြုံးဝင်တဲ့ (ဖဆပလ) သဖွယ် တပ်ပေါင်းစုမျိုး ဖြစ်လာဖို့ အကြံပြုချက်တွေဟာ ၂၀၀၄ ကိုမင်းကိုနိုင်တို့ လွတ်လာကတည်း က လူအများစတင် စဉ်းစားနေပြီ ဖြစ်တဲ့ အိုင်ဒီယာပါ။ သို့သော် အဲသလောက်လှမ်းဖို့ ခြေလှမ်းကလည်း အခက်အခဲ အမျိုးမျိုးတွေကြောင့် အခုအထိ အကောင်အထည် မပေါ်သေးတာလည်းအမြင်ပါပဲ။ သူတို့တောင် နောက်တခေါက် ထောင်ထဲရောက်နေတယ် မို့လား။

အဝေးရောက် အစိုးရဖွဲ့တာနဲ့ ပြည်လုံးဆိုင်ရာတပ်ပေါင်းစုဖွဲ့တာဟာ သဘာဝခြင်းမတူပါ။ အဝေးရောက်အစိုးရတခု လက်ရှိ ရှိနေရဲ့သားနဲ့ (အားနည်းနေသော်ငြားလည်း) နောက်ထပ် အဝေးရောက်အစိုးရကို ထပ်ဖွဲ့မှာကို ကျနော် က ဖြစ်သင့်တဲ့အယူဆလို့ မခံယူလို့ အဲသည့် တောခွေးဆောင်းပါးကိုရေးခြင်းဖြစ်ပါတယ်။

အစိုးရဖွဲ့တယ်ဆိုတဲ့သဘောသဘာဝမှာ လူတိုင်းအဖွဲ့တိုင်းကို လက်သင့်ခံဖို့အခက်အခဲရှိပါတယ်။ ကနေ့ လက်ရှိမှာ ရှိသင့်တာက တတ်နိုင်သလောက်တပြည်လုံးကို ကိုယ်စားပြုတဲ့ အလုပ်လုပ်မဲ့အဖွဲ့ကြီးမျိုးလို့ ကျနော် မြင်ပါတယ်။ ၁၉၈၅-၈၆ ကာလတုံးက တောင်အာဖရိကမှာ ဖွဲ့ခဲ့တဲ့အဖွဲ့ဝင်အဖွဲ့အစည်း (၅၀၀)ကျော်ပါတဲ့ United Democratic Front (UDF) လိုအဖွဲ့ကြီးမျိုးက တိုက်ပွဲအတွက် ပိုအကျိုးရှိတယ်လို့ မြင်ပါတယ်။

လွတ်မြောက်ရေးလုပ်ငန်းမှာ လူတန်းစားပေါင်းစုံအဖွဲ့အစည်းမျိုးစုံရဲ့ လုပ်အားထည့်ဝင်မှုက ရွေးချယ်ထားတဲ့ လူတစုရဲ့ လုပ်အားထည့်ဝင်မှုထက်ပိုပြီး သဘာဝကြတယ်လို့လည်းမြင်ပါတယ်။

စာရေးသူမဟော်ဂနီရဲ့ ဆောင်းပါးကို ကျနော့်အနေနဲ့အထူးကန့်ကွက်စရာမရှိပါ။ စာဖတ်သူများ ထောင့်စုံဖက်စုံက စဉ်းစားနိုင်ဖို့ ဖတ်သင့်တယ်လို့ယူဆပါတယ်။

အားလုံးရဲ့ လုပ်အားထည့်ဝင်မှုများကို ကြိုဆိုလျက်

ဇော်မင်း

7 comments:

Unknown said...

social meeting တွေကစကြရင်ဖြစ်မယ်ထင်ပါတယ်။

Unknown said...

social meeting တွေကစကြရင်ဖြစ်မယ်ထင်ပါတယ်။

Unknown said...

စာက အားမာန်အပြည့်နဲ့ ပါ။ ကိုယ်ကိုယ်စားပြုထားတဲ့အဖွဲ့  (သို့ ) ကိုယ်တဦးချင်းစီရဲ့  အစီအစဉ် ပါဝင်နိုင်မှုအနေအထား မကျေနပ်ချက် ညှိနှိုင်းနိုင်သောအကြောင်းအချက် စသည်ဖြင့်ပြုစုထားလျှင်ပိုအကျိုးရှိပါမည်ထင်ပါသည်။
မဟုတ်ပါက အင်္ဂလန်မှ အဖွဲ့ တဖွဲ့  Tony Blair ခေါ်တွေ့ တုံး က ဗမာပြည်အတွက်ဘာလုပ်ပေးရမတုန်းမေးတော့ သိဘူးလေဆိုပြီးဘာမှမပြောနိုင်ခဲ့သလို
တွေ့ တာလေးကိုဘဲဂုဏ်ယူနေမှာစိုးလို့ ပါ။

Unknown said...

စာက အားမာန်အပြည့်နဲ့ ပါ။ ကိုယ်ကိုယ်စားပြုထားတဲ့အဖွဲ့  (သို့ ) ကိုယ်တဦးချင်းစီရဲ့  အစီအစဉ် ပါဝင်နိုင်မှုအနေအထား မကျေနပ်ချက် ညှိနှိုင်းနိုင်သောအကြောင်းအချက် စသည်ဖြင့်ပြုစုထားလျှင်ပိုအကျိုးရှိပါမည်ထင်ပါသည်။
မဟုတ်ပါက အင်္ဂလန်မှ အဖွဲ့ တဖွဲ့  Tony Blair ခေါ်တွေ့ တုံး က ဗမာပြည်အတွက်ဘာလုပ်ပေးရမတုန်းမေးတော့ သိဘူးလေဆိုပြီးဘာမှမပြောနိုင်ခဲ့သလို
တွေ့ တာလေးကိုဘဲဂုဏ်ယူနေမှာစိုးလို့ ပါ။

Mahorgani said...

ကိုဇော်မင်း ထပ်ပြော လိုက်မှ ပို ကောင်းသွား ပို ရှင်းသွား ပါတယ်။ တကယ်တော့.. စာရေးသူ က လည်း.. ကိုဇော် မင်းစာကို.. ဝေ ဖန် ထောက်ပြ ခြင်းမဟုတ်ပဲ.. အဲဒါ ကို ဖတ်မိပီး..ရင်ထဲ မှာ မချင့် မရဲ ဖြစ်လာ တဲ့ ခံစား ချက်ကို စိတ်ကူး မိသ လို ထ ရေး လိုက်တာပါ။ ဆက် စပ် သုံးသပ် ကြည့်ခြင်းပါ။ ( ဤ နေ ရာ ၌ စာ ရေးသူ သည်.. နိုင်ငံရေး လှုပ်ရှား မူ များနှင့် အလှမ်း ဝေး သူဖြစ်ကြောင်း ၀န်ခံ ပါတယ်)

အရှင်း ဆုံး ပြော ရရင်... နိုင်ငံရေး လုပ်ကွင်း လုပ်ကွက် ထဲမှာ ထဲထဲဝင် ၀င် ရှိ ခဲ့ဘူး ..ရှိနေတုံး ဖြစ် တဲ့.. အုပ် စု တ ခုခု ကို ၀ စီ မှုတ် စေ ချင် တဲ့ ဆန္ဒ ပါ။

ဗမာ့ နိုင်ငံရေး သမိုင်းမှာ..မြင် သလောက် ကလဲ.. Deadlock တွေ သိပ် များ နေပါတယ်။
ကျော်လွှား ဖို့ နည်း လေး တွေ..ရှာ ကြံစေချင် တာပါပဲ။

ပြည်တွင်းမှာ ရှိနေ တဲ့ အဖွဲ့ချုပ် ဦးဆောင်မူ ဟာ လည်း အဲဒီ Dead lock ကြီး နဲ့ ရင် ဆိုင် နေရပါတယ်။ အဓိ ကပြသာနာ ကလည်း..ထင်တာ တော့..ဦးဆောင်မူ အပိုင်း အားနဲတယ် .. အထူးသဖြင့်.. စီအီးစီ ဆိုတဲ့ လူ တစု ကို လူထု ယုံကြည် စိတ်ချမူ ကျ ဆင်း လာတယ်။ ဒီလိုပဲ မှေး နေ ကြ ရတယ်။

အခု..အပြင်မှာ ရှိတဲ့..ညွန့်ပေါင်း စင်ပြိုင် အစိုးရ နဲ့ပတ် သတ်ရင်လည်း.. ဦး ဆောင်မူ အပိုင်း အားနဲမူ.. လူထု နဲ့ အဆက် ပြတ် မူ .. ထင်သာ မြင်သာ မရှိမူ တွေကြောင့်.. မေးခွန်း တွေ.. အခု လို ..အားမလို အား မရ ဖြစ် မူတွေ များသထက် များ လာ ပါတယ်။ ဒါပေမဲ့ လဲ..ဒီလိုပဲ ဆက် မှေး နေ ကြ ပါတယ်။ ကြိတ် ပီး ဆွေး နေကြရ ပါတယ်။

ဆယ်စု နှစ် ၂ ခု နီးပါး ရှိလာတဲ့ နိုင်ငံရေး ရေစီး မှာ.. အဲဒီ Dead lock ကြီး တွေ နဲ့ဆက် မသွား စေချင် တော့ပါဘူး။ အဖွဲ့ချုပ် ထဲမှာ လည်း ပြု ပြင် ပြောင်းလဲရေးသမား တွေ ရှိမှာပါ။ အဲလိုပဲ.. ညွန့်ပေါင်း အဖွဲ့ကြီးထဲမှာ လဲ.. ပြုပြင် ပြောင်းလဲ ဖို့ လိုအပ် နေပီဆိုတာ..တွေး မိ မှာပါ။

အဲ တော့..ပြုပြင်ပြောင်းလဲ ရေးကို ခုန ပြော တဲ့..တပ် ပေါင်းစု ကြီး တခု အသွင်..ခေါ် ဆောင် လို့ မရ နိုင် ဘူးလား ဆိုတာ.. ဒီမို ကရေ စီလိုလားသူ တွေကို မေး ခွန်းထုတ် အကြံတောင်းခြင်းသာ ဖြစ်ပါတယ်။ အဲဒီ Dead lock ကြီး ၂ ခု လည်း ..သူ့ အလို လို..ပွင့် လင်း ပေါက်ကွဲ ပြောင်းလဲ သွား လိမ့် မယ် လို့..အကောင်း မြင် ပီး တွေးမိပါတယ်။

ဒါမှ မဟုတ် ရင် လည်း.. နည်း လမ်း ရှာ ဖို့.. အပေါ် က..ဥတ္တရ ပြောသလို social meeting တခုခု ဖော်ဆောင် ကြ ရ အောင် လား ဗျာ.. သူများ လူ မျိုး တွေ ကတောင်.. မြန် မာ့ အရေး အဖြေ ရှာ ဖို့ ..ဆွေးနွေး ပွဲ တွေ လုပ် နေကြ တာပဲ။ ကိုယ် တွေ ချင်း လည်း ဆွေး နွေး ရင်း ညီညွတ် ရေး အသစ် တည် ဆောက် ကြပါ စို့ဗျာ။

( သိပ် စိတ်ကူး ယဉ် ဆန် နေမယ် ဆို ရင် လည်း.. ဒေါ် စု ပြော ခဲ့တဲ့အတိုင်း .. we have to dream ပေါ့ဗျာ)

YeKyawAungMDY said...

Good, valuable, and great discussion!!

Unknown said...

IS THERE CHINA IS GIVEN SOME SORT OF SIGNAL? WHAT IS CHINA SIGNAL?

CHINA IS GIVING UNOFFICIAL SIGNAL THAT THEY WANT MA MA KYAUNG AND BALL KYAUNG THAN SHWE WITH HIS GROUP OUT. OR AT LEAST SIT DOWN TOGETHER WITH AUNTY SUU THAT ALSO MEAN BETTER WITHOUT THEM!!! MAY BE CHINA IS START LOSSING HIS PATIENT WITH BURMA PRESENT JUNTA.

BECAUSE WA(UWSA) , KO KUNT, MINE LAR REGIONS SUPPORT WHAT AUNTY SUU STATEMENT THROUGH FROM GAMBARI. THAT LOOK LIKES NORMAL BUT THOSE REGIONS ARE GIVEN UNOFFICIAL SIGNAL FROM CHINA. WITHOUT BACKING UP FROM CHINA THEY DARE NOT TO MOVE. THEY ARE ACTURALLY CHINESE REGIONS.

Because we know that WA(UWSA) , KO KUNT, MINE LAR regions are unofficial reflection of CHINA intention and CHINA is given signal that they don’t want Kyaung Kyaung and Ball Kyaung leadership anymore. Those all regions came in our Union just 1895 with British - Peking convention and annexed to PROPER BURMA at 1895, but their royalty are always to China not Burma. China always backs them up too. So their stand up point is China reflection.

I believe that China is putting his royal regions to get in future Burma politic in front roll as major heroes regions and those regions might get handsome return if there is a major change, means that China think there may be possible major change within Burma and if so he may lose his foot hold in Burma.
China Olympic is too risky to exchange with unstable Burma gas to return. A lot of countries is happy to see China Olympic go down to the drain and shifted to back-up country. What if majority athletes boycott China Olympic due to China support in Burma?
What if Burma changed without warning? First one to kick out from Burma gas project will be China. I believe that China is unofficially trying to break away from present junta without their notice will be stir up on those regions that can be break away with the stupid junta without losing China business interest. Because China want genius dialogue but still hanging with the junta for if junta win. But still very risky to bet on one side only so China is shifting his position slightly through from WA(UWSA) , KO KUNT, MINE LAR regions. It may not be right but that is what we believe.

If like that so army, Burmese, monks and UN with the world need to use this opportunity as a peaceful reform and change within Burma.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.