ကျမစာမရေးနိုင်လို့ အသစ်တင်ပါလို့ ပြောနေကြတဲ့ ကြားထဲ မှာပဲ ဒီနေ့တော့ ထူးထူးခြားခြား ပို့စ်တခု တင်ပါမယ်။ ကြော်ငြာပါ.. :) ။
ကျမတို့ရဲ့ မြန်မာသတင်းသမဂ္ဂ (Burma Media Association) ကနေ ဒီနှစ်မှာ စာအုပ်နှစ်အုပ် ထုတ်ပါတယ်။ တစ်အုပ်က ကျမ ပြုစုတဲ့ "သတင်းသမား သတိထားစရာ မြန်မာစာနှင့် စကားသံများ" ဖြစ်ပြီး၊ နောက်တစ်အုပ်ကတော့ ဘလော့ဂါ ယောဟန်အောင် (အောင်သူငြိမ်း) ဘာသာပြန်ထားတဲ့ "ဘလော့ဂါများနှင့် ဆိုင်ဘာအတိုက်အခံများအတွက် လက်စွဲ" စာအုပ် ဖြစ်ပါတယ်။
အသင်းသားတွေနဲ့ သတင်းသမားတွေအတွက် အခမဲ့ဖြန့်ဝေတဲ့ ဒီစာအုပ်နှစ်အုပ်ကို အသင်းရဲ့ ရန်ပုံငွေအတွက် ပြင်ပမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါမယ်။ 'ဘလော့ဂါလက်စွဲ' ရဲ့တန်ဖိုးက ၂ဒေါ်လာဖြစ်ပြီး၊ 'သတင်းသမား သတိထားစရာ' ကတော့ ၁ဒေါ်လာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တမျိုးကို အုပ်၂၀၀ စီပဲ ရှိပါတယ်။ လိုချင်ရင် ကျမဆီမှာ မှာလို့ရပါတယ်။ maynyane@gmail.com ကို မှာနိုင်ပါတယ်။
ပြည်ပကနေ မှာယူရင်တော့ စာပို့ခကို မှာတဲ့သူက ကျခံရပါမယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ ဘတ်ငွေနဲ့ ရောင်းပါ မယ်။ ၂အုပ်ပေါင်း တစ်စုံကို ဘတ် ၁၀၀ ပါ။ တစ်အုပ်စီဆိုရင်တော့ 'ဘလော့ဂါလက်စွဲ'က ဘတ် ၇၀၊ 'သတင်းသမား သတိထားစရာ'က ၃၅ဘတ်ပါ။
မမေငြိမ်း၏ ဘလော့မှ ပြန်လည်ဖော်ပြပါသည်။
ဒေါင်းလုပ်လင့်ခ်
http://www.4shared.com/file/30390598/8d2364d9/CE_BM_Text_Final.html

http://www.4shared.com/file/30390758/2212ffbb/Blogger_Handbook_Inside.html

No comments:
Post a Comment