အ
စားအစာ ဆင်းရဲ၊ အ၀တ်အထည် ဆင်းရဲ၊ အလုပ်အကိုင် ဆင်းရဲ၊ နေရာထိုင်ခင်း ဆင်းရဲ၊ ငွေကြေးဥစ္စာ ဆင်းရဲတဲ့တိုင်းပြည်မှာ ချမ်းသာတာ ဆိုလို့ တခေတ် နှစ်ယောက်မရှိနိုင်တဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာပါပဲ။
ကျနော်တို့မျိုးဆက်တွေက အမေတို့၊ အဘတို့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ကြရတယ်။ ကြီးပြင်းခွင့်ရခဲ့ကြတယ်။
ကျနော်တို့ကိုယ် ကျနော်တို့ ကံကောင်းတဲ့ မျိုးဆက်ပါလားဆိုပြီး ကြည်နူးမဆုံး၊ ကျေနပ်မဆုံးဖြစ်ရတယ်။
တိုင်းပြည်တပြည်ကို ထူထောင်ဖို့ စိတ်ဓာတ်ခွန်အား၊ မျိုးဆက်တဆက်ကို ထူထောင်ဖို့ စိတ်ဓာတ်ခွန်အား၊ ယဉ်ကျေးမှုတခုကို ထူထောင်ဖို့ စိတ်ဓာတ်ခွန်အား ... အဲဒီခွန်အားတွေကို အမေတို့ အဆုံးအမတွေထဲက ရတယ်အမေ။
အမေတို့လို တခေတ် နှစ်ယောက်မရှိတဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကို ဆုံးရှုံးကြရတဲ့အခါကျတော့ သံဝေဂတခု ရမိတယ်။
“သက်ကြီး စကားသာ
သက်ငယ် မကြားရရင်
အဲသည်ခေတ်ဟာ မှောင်ပိန်းနေရော့မယ်”
အောင်မော်ဦး
(အဝေးရောက်သားတွေထဲက တယောက်)
ဧပြီ၊ ၇၊ ၂၀၀၈။
Tuesday, April 8, 2008
အမေမာသို့ ...
Posted by ရွက်မွန် at 10:31 AM
Labels: အောင်မော်ဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment