ရွက်မွန်စာမျက်နှာ

Thursday, May 15, 2008

အခြေခံဥပဒေမူကြမ်းအား မဲမပေးရန် ဆုံးဖြတ်လာကြ

နာ
ဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ရက်ကို မေလ ၂၄ ရက်နေ့ပြောင်လဲလိုက်သည့်သတင်းများ အစိုးရပိုင်သတင်းစာများတွင် ပါဝင်လာပြီး နောက် ပြည်သူအချို့မှာ ထို့နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲအား အကြွင်းမဲ့ကန့်ကွက်ကြောင်း မေးမြန်းမှုများအ ရသိရှိခဲ့ရသည်။

ထိုကဲ့သို့မေးမြန်းခဲ့ရာတွင် "သူတို့က အာဏာတည်မြဲဖို့အတွက်လောက်ပဲ လုပ်နေကြတယ်။ အခုလို ရက်ပြောင်းလိုက်တာ သူတို့အတွက် ကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ ကျွန်တော်တို့ရပ်ကွက်ထဲက လူတွေက အကယ်၍ မေလ ၁၀ ရက်နေ့ မဲပေးရမယ်ဆိုရင် ဓားပဲပေးကြမယ်ဆိုတာချည်းပဲ။ လူတွေ ဒီလောက်စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေ ရတဲ့အချိန်မှာ ဒုက္ခ ရောက်တဲ့လူတွေကို ကူညီဖို့မစဉ်းစားပဲ သူတို့အာဏာမြဲဖို့ပဲလုပ်နေကြတယ်။ အခုလည်း ရပ်ကွက်ထဲက ကျောင်းတွေကို အရင်ဆုံး ပြန်ပြင် နေကြတယ်လေ။ မေလ ၂၄ ရက်အတွက် အဆင်သင့်ဖြစ်အောင် လို့တဲ့။ လူတွေ ဒီလောက် သေကြေ နေ ကြတာကို လုံးဝမစဉ်းစားဘူး" ဟု ကိုချမ်းငြိမ်းကျော်ကဆိုသည်။

"အရင်တုန်းကတော့ ကိုယ်ကမဲပေးလည်း ဒါပဲ။ မပေးလည်း ဒါပဲဆိုတော့ ရပ်ကွက်ထဲကလူကြီးတွေနဲ့ အဆင်ပြေဖို့ မဲပေးဖို့ စဉ်းစားထားသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဲဒီရပ်ကွက်မှာ အိမ်ငှား နေရတာဆိုတော့ သူတို့နဲ့ က အဆင်ပြေဖို့လိုတယ်လေ။ နောက်မို့ဆို ဧည့်စာရင်းမပေးတာတို့၊ ဘာတို့ အမျိုးမျိုး ညစ်တတ်လွန်းအားကြီးလို့။ အခုတော့ မဲပေးဖို့လာပြောရင် ပြန်ပြောရတော့မယ်။ စားစရာတောင်မရှိတာ မင်းတို့မဲပေးရင်ကော မင်းတို့ငါတို့ကို ပြန်ကူညီမှာလား လို့ပေါ့။ ဒါပေမဲ့ မထင်ပါဘူးဗျား။ သူတို့က သူတို့အကျင့်အတိုင်း မရ ရအောင်တော့ တောင်းပါမှာပဲ။ အခုတော့ ဘာမှမပြော သေးဘူး။ ရက်ကလည်း ရွှေ့ထားတယ်ဆို တော့ ချက်ချင်းကြီးမတိုက်တွန်းကြသေးဘူး။ ဘာဖြစ်ဖြစ်ဗျာ အခုဘယ်သူ တွေ လာပြောပြော မဲမပေးတော့ဘူး။ ကိုယ့်အိမ်က စားစရာမရှိဘဲနဲ့ သူတို့ကိုတော့ မထောက်ခံနိုင်တော့ဘူး။ အခုလုပ်သမျှဟာတွေ လိမ်ဆင်တွေ ချည်းပဲဆိုတာ အားလုံးက သိပြီးသားပဲ" ဟု စမ်းချောင်းမြို့နယ်နေ ကိုမျိုးမင်းသိန်းက ဆိုသည်။


ပြည်တွင်းမှ မိတ်ဆွေတဦးမှ ပေးပို့ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.