ရွက်မွန်စာမျက်နှာ

Wednesday, May 14, 2008

မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွင်း ၀မ်းရောဂါများ ဖြစ်ပွားမှုမြင့်

နာ
ဂစ်မုန်တိုင်း တိုက်ခတ်ခံရသည့် ဒုက္ခသည်များအကြား ၀မ်းရောဂါများ ဖြစ်ပွားမှုမြင့်မားလာကြောင်း တွေ့ရသည်။ မုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သောက်သုံးရေရှားပါးခြင်း၊ အစားအသောက်ပြတ်လပ်မှုများ၊ ဆေးဝါးပြတ်လပ်မှုများကြောင့် တကိုယ်ရေကျန်းမာရေးကို ထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ ၀မ်းရောဂါများ၊ အလွယ်တ ကူကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

"ကလေးတွေက စားစရာမရှိတော့ မုန်တိုင်းတိုက်တုန်းက ကြွေကျနေတဲ့သရက်သီးတွေကို ကောက်စား ကြတယ်လေ။ ငတ် တော့လည်း မရှိ ရှိတာစားရတာပေါ့။ နောက်ပြီး ရေကလည်း မရှိတော့ဘူးဆိုတော့ ရှိတဲ့ ရေကိုပဲ သောက်နေရတယ်။ ချောင်း၊ မြောင်းနဲ့နီးတဲ့ရပ်ကွက်တွေက တော်သေးတယ်။ ကျွန်မတို့ရပ်ကွက်က အပိတ်ကြီးလိုဖြစ်နေတော့ ရေတွေကပုတ်ပြီး တရပ် ကွက်လုံးကိုနံနေတာပဲ။ အခုနောက်ပိုင်း ရပ်ကွက်ထဲက လူတွေနဲ့ ပိုက်ဆံစုပြီး ရေမောင်းပြန်တော့လည်း ရေတွေက နောက် ကျိနေတာပဲ။ အဲဒီနောက်ကျိတဲ့ရေကိုပဲ နည်းနည်းနား လည်တဲ့သူက ကျိုသောက်ပြီး ကျန်တဲ့လူတွေက ဒီအတိုင်းသောက် နေကြတော့ ဒီဝမ်းရောဂါက ပိုဖြစ်လာတာပေါ့။ နောက်ပြီး အိမ်သာတွေက မုန်တိုင်းဒဏ်ခံရပြီး အားလုံးလိုလိုပြိုလဲကုန်တော့ ကြုံတဲ့နေရာ သွားနေရတာပေါ့ " ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၃၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"ကျွန်တော့်ကလေးတွေကိုတော့ မှာထားတယ်။ ဒါပေမဲ့ဗျာ စားစရာမရှိတော့ ကလေးတွေက လူကြီး အလစ်မှာ အလကား နီးနီးရနေတဲ့ သရက်သီးတွေပဲစားနေကြတယ်။ သူတို့လည်း ဗိုက်ဆာကြမှာပေါ့။ အိမ်ကမရှိ၊ စားစရာမရှိနဲ့ ကျွန်တော်တို့မိဘ တွေလည်း ဘာတတ်နိုင်မှာတုန်း။ အခု အငယ်ကောင်လေးက ၀မ်းရောဂါဖြစ်ချင်နေတယ်။ သူ့ကိုပဲ ဆေးကုရမလား၊ မရှိမဲ့ ရှိမဲ့ပိုက်ဆံလေးနဲ့ အိမ်ပဲပြင်ဆောက်ရမလား ဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်။ ကျန်တဲ့ကလေးတွေကလည်းများတော့ တစ်ယောက်အတွက်နဲ့အားလုံး ဒီအတိုက်ပဲထားရမယ်ဆို ပြန်ရင်လဲ မိဘဆိုတော့ စိတ်မကောင်းရတာအမှန်ပဲ" ဟု အိမ်ပြိုလဲ သွားသည့် အိမ်ထောင်စုဝင်တစ်ဦးထံမှ သိရ သည်။

ပြည်တွင်းရှိ မိတ်ဆွေတဦးက ပေးပို့ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.