ရွက်မွန်စာမျက်နှာ

Wednesday, May 14, 2008

ကယ်ဆယ်ရေးပစ္စည်းများ ဒုက္ခသည်ထံမရောက်


ဂုံအရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းအချို့ ထောက်ပံ့မှုများ ရှိနေသော်လည်း ထိုပစ္စည်းများမှာ ဒုက္ခသည်ထံမရောက်ဘဲ ရပ်ကွက်အာဏာပိုင်များ၏ သိမ်းဆည်း ထားမှု ဖြစ်ရပ်များ ဖြစ်ပေါ်လျက်ရှိသည်။ ရပ်ကွက်အတွင်း မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ဆန်အိတ်များ လာ ရောက်ချပေးခဲ့သော်လည်း ရပ်ကွက်ပြည်သူများ အတွက် အိုးမဲ့အိမ်မဲ့တစ်အိမ်ထောင်လျင် ဆန် ၆ လုံး သာပေးပြီး ကျန်အိမ်ထောင်စုများအား ဝေငှခဲ့ခြင်းမရှိကြောင်း၊ ငါးများ လာရောက်ဝေငှပေးခဲ့သော်လည်း ရပ်ကွက် အာဏာပိုင်များနှင့် ပတ်သက်သောသူများသာ ရရှိခဲ့ပြီး သတင်းကြားသော အိုးမဲ့ အိမ်မဲ့အချို့မှ သွားရောက်တောင်းယူ သောအခါမှသာလျင် အနည်းငယ်ပေးခဲ့ကြောင်း၊ မတောင်းဆိုခဲ့သော အိမ်ထောင်စု များမှ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

" သူတို့က သူတို့နဲ့ပတ်သက်တဲ့လူတွေကိုပဲ အိမ်တိုင်ရာရောက် သွားပေးကြတာ။ ကြာရင် ရပ်ကွက်ထဲက လူအချင်းချင်းတောင် စိတ်ဝမ်းကွဲသွားနိုင်တယ်။ သူတို့က သူ့တို့ခိုင်းလို့ရတဲ့လူ၊ သူတို့နဲ့ ခင်တဲ့လူလောက်ပဲ ပေးကြတာ။ ကျွန်တော်တို့ကတော့ သူတို့ နဲ့ အရင်ကတည်းက သိပ်မတည့်တော့ ဘာမှမပေးဘူး။ ပေးတယ် ဆိုတဲ့သတင်းကြားမှ သွားတောင်းတာတောင် ဟောက်ခံရ သေးတယ်။ ခင်ဗျားတို့က ပေးတယ်ဆိုတုန်း ကတော့ လာမယူကြဘူး။ အခုမှ အသည်းအသန်လာတောင်းနေကြတယ်။ ဒုက္ခ ရောက်တာ ခင်ဗျားတို့ချည်း မဟုတ်ဘူး။ အားလုံးဒုက္ခရောက်တာတဲ့ဗျာ။ ခင်ဗျားတို့သာ စဉ်းစားကြည့်။ သူတို့လူတွေကျတော့ အိမ်တိုင်ရာ ရောက်ကိုပို့ ပေးတာ။ ဒုက္ခရောက်ရတဲ့ထည်း အဆူအငေါက်ပါခံနေရတယ်။ ဒါပေမဲ့ဗျာ အိမ်မှာကစားစရာမှ မရှိတာ။ သူတို့ အော်ထုတ်လည်း သွားတောင်းရမှာပဲ။ သူတို့လက်ထဲမှာက အာဏာရှိတာကိုးဗျ။ ကိုယ်က ဘာတတ်နိုင်မှာလဲ" ဟု နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တစ်ဦးဖြစ်သည့် မောင်ဟိန်းဝေယံက ပြောကြား သည်။

ပြည်တွင်းရှိ မိတ်ဆွေတဦးက ပေးပို့ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.