ရွက်မွန်စာမျက်နှာ

Thursday, May 29, 2008

အထူးပင် ကျေးဇူးတင်ရှိရပါသည် ခင်ဗျား

ငါ
တို့ လူမျိုးတွေကိုက
ညံ့ကို ညံ့လွန်းလှပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက
ဒါလောက်တောင် အကူအညီပေးနေကြတာကို
ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး။

ကုလသမဂ္ဂက ပြောတဲ့
“အလွန်အမင်း စိုးရိမ်ပူပန်မိရပါကြောင်း” ဆိုတာကို
အထူးပင် ကျေးဇူးတင်ရှိရပါသည် ဆိုတာမျိုး

ဥရောပ ပါလီမန်က ပြောတဲ့
“များစွာ စိတ်အနှောင့်အယှက် ဖြစ်မိရပါကြောင်း” ဆိုတာကို
အထူးပင် ကျေးဇူးတင်ရှိရပါသည် ဆိုတာမျိုး

အမေရိကန်က ပြောတဲ့
“ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ရပါကြောင်း” ဆိုတာကို
အထူးပင် ကျေးဇူးတင်ရှိရပါသည် ဆိုတာမျိုး

အာဆီယံက ပြောတဲ့
“များစွာ စာနာနားလည်မိရပါကြောင်း” ဆိုတာကို
အထူးပင် ကျေးဇူးတင်ရှိရပါသည် ဆိုတာမျိုး။

သူတို့ခမြာ
အနှစ် နှစ်ဆယ်လုံးလုံး အကူအညီပေးနေကြရရှာတာ
(အားနာတတ်ရင်)
အားနာဖို့တောင် ကောင်းလှပြီ။

ကဲ … ဒီလို အကောင်းဆုံး အကူအညီပေးတာမျိုးကိုမှ
ကျေးဇူးစကား ဆိုရကောင်းမှန်းမသိကြတဲ့
ငါတို့ လူမျိုးတွေ
(ငတို့ တတွေကိုက)
ညံ့ကို ညံ့လွန်းလှပါတယ်လေ။

အောင်မော်ဦး
မေ၊ ၂၇၊ ၂၀၀၈။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.