ရွက်မွန်စာမျက်နှာ

Wednesday, May 14, 2008

မုန်တိုင်းတိုက်အပြီး ဒဂုံအရှေ့ပိုင်းတွင် မီးလောင်မှုဖြစ်ပွား

နာ
ဂစ်မုန်တိုင်း တိုက်ခိုက်ခံရသည့် ၃့  ၅့  ၂၀၀၈ ရက်နေ့အပြီး နောက်သုံးရက်အကြာ ၆့  ၅့  ၂၀၀၈ ညပိုင်းက ဒဂုံမြို့သစ်အရှေ့ ပိုင်း (၇) ရပ်ကွက်တွင် မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ သုံးဦးမှာ အတွင်းလူနာအဖြစ် တက်ရောက်နေရ သည်။

သေဆုံးသူတစ်ဦးမှာ ပထမတန်းအရွယ်ကျောင်းသားကလေးဖြစ်ပြီး ဒဏ်ရာရသူများမှာ ဖခင်ဖြစ်သူ ဦးရွှေမန်း၊ မိခင်နှင့် ကလေးအား ၀င်ရောက်ကယ်တင်ခဲ့သူ အဒေါ် ဖြစ်သူတို့ဖြစ်သည်။ ဦးရွှေမန်းမှာ ရပ်ကွက်အ တွင်းတွင် အရက်ဆိုင်ဖွင့်ခြင်းဖြင့် အသက်မွေးနေရသူဖြစ်ပြီ ထိုနေ့ညပိုင်းကဆိုင်အတွင်း လာရောက်စားသောက် သူများရှိနေသဖြင့် ရောင်းချပေးနေစဉ် အရက် အဆီထည့်သွင်းရာမှတစ်ဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အရက် ဆီထည့်ရန်အတွက် ဖယောင်းတိုင်မီးထွန်းညှိရာ ထိုမီးစာ အား အရက်ဆီအခိုးရိုက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူကလေးငယ်မှာ ထိုအနီးအနားတွင် အိပ်ပျော်နေရာ အရက် ဆီများထိုကလေးပေါ်သို့စဉ်ရာမှ လောင်ကျွမ်းသေဆုံးခဲ့ပြီး အဒေါ် ဖြစ်သူမှာ ကလေးငယ်အား ကယ်တင်ရန်ကြိုးစားရာမှ ကိုယ်တစ်ခြမ်းလုံးမီးလောင် ကျွမ်းသွားကာ ဖခင်ဖြစ်သူမှာ ကိုယ်အောက်ပိုင်းတစ်ခြမ်လုံး မီးလောင်ကျွမ်းခံခဲ့ရသည်။ မိခင် ဖြစ်သူမှာလည်း လက်နှင့်မျက်နှာတို့တွင် မီးလောင်ကျွမ်းခံခဲရပြီး လာရောက်စားသုံးသူများ၏ အကူအညီဖြင့် မီးငြိမ်းသတ်နိုင်ခဲ့ သည်။ ကလေးငယ်မှာ မီးလောင်ကျွမ်းခံရပြီးနောက် ကလေးဆေးရုံရောက်ပြီး စမ်းသပ်နေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်သုံးဦးမှာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် တင်ဆောင်ထား ခြင်းဖြစ်ပြီး ကလေးအား ၇- ၅ - ၂၀၀၈ ရက်နေ့တွင် သင်္ဂြိုလ်လိုက်ရသည်။ ကလေးငယ်များ၏ မိဘများမှာ ကလေး သေဆုံးကြောင်းကိုပင် ယခုအချိန်ထိ သိရှိသေးခြင်းမရှိဘဲ မြောက်ဥက္ကလာပဆေးရုံတွင် ကုသမှုဆက်လက် ခံယူနေရဆဲဖြစ်သည်။


ပြည်တွင်းရှိ မိတ်ဆွေတဦးက ပေးပို့ပါသည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.