ရွက်မွန်စာမျက်နှာ

Friday, July 15, 2011

တဲ့တဲ့လုပ် အဟုတ်ဖြစ်တယ်

ပြောချင်တော့တဲ့ဟာကို ပြောရဦးတော့မယ်။ ကချင်မှာလည်း တိုက်ပွဲတွေဖြစ်၊ ရှမ်းဖက်မှာလည်းဖြစ်၊ ကရင် နယ်ထဲ မှာလည်းဖြစ်။ စစ်တိုက်တယ် ဆိုမှတော့ အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အကြမ်း ဖက်တဲ့အတွက် မြေဇာပင် ဖြစ်ရတဲ့ သူတွေလည်း အများကြီးပါ။ တိုက်ပွဲတွေ ဖြစ်ရတာကလည်း အုပ်ချုပ်သူက အေးအေးချမ်းချမ်း ဖြေရှင်း လိုတဲ့ ဆန္ဒမရှိတာကနေ စတာကိုး။ ဘယ်သူပဲဖြစ်ဖြစ် အစော်ကားခံရတာ များလာ ရင် တန်ပြန်ကြမှာပဲ။

ဒီနေရာမှာ တန်ပြန်တဲ့ ကိစ္စကို နည်းစနစ်ကျကျ တန်ပြန်ဖို့ ပြောလိုပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ဟာ နယ်စပ်မျဉ်း တခုခုနဲ့ ပတ်သက်နေရတယ်။ ထိုင်းမဟုတ်ရင် တရုတ်ပေါ့။ အိန္ဒိယ နယ်စပ်မျဉ်းမှာ တော့ လောက် လောက်လားလား တိုက်နေတဲ့ အဖွဲ့မရှိလေတော့ သိပ်တော့ မပြောလိုပါဘူး။ ပြောချင်တာ က ဒီလို။ လက်နက်ကိုင် တိုက် နေတဲ့ အခြေအနေဆိုတော့ လက်နက်လိုတာပေါ့။ ကိုယ်ပိုင် ပန်းပဲဖိုက လက်နက် မထုတ်နိုင်ဖူးဆိုရင် သူများဆီက ဝယ်ရ မှာက သေချာတယ်။ အဲဒီတော့ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ တချိန်ထဲ မှာလည်း ငွေရှိဦးတော့ ကိုယ့်နယ်စပ်မှာ လက်နက်ဈေးကွက်က ကိုယ်ဝယ်လိုသလောက် ဈေးကွက်ရှိသေးရဲ့ လား။ ဈေးကွက်ပျက်သွားပြီလား ဆိုတာကိုလည်း စောကြောဖို့ လိုပါတယ်။ သေနတ် အလက် နှစ်ဆယ်သုံးဆယ် လောက် ဝယ်လို့ ရတာမျိုးကို ဆိုလိုတာမဟုတ်ပါ။ ရာစည်း ထောင်စည်း ဝယ်ဖို့ ငွေရှိရင်ကော ဝယ်လို့ရသေးရဲ့ လားလို့ ဆိုလိုတာဖြစ်ပါတယ်။

သမရိုးကျ စစ်တိုက်ခြင်းဟာ ငွေအတော်ကုန်တဲ့ အလုပ်ဖြစ်ပါတယ်။ ကြာရင် ငွေသိပ်မတတ်နိုင်တဲ့ဖက်က ရှုံး လေ့ရှိတယ်။ ဒါဟာလည်း နေ့စဉ် စီးပွားရေး ကိစ္စလို ဖြစ်တယ်ဆိုတာ သဘောပေါက်မှာပါ။ နောက် တိုက်မယ့် ခိုက်မယ့် လူကလည်း လိုတယ်။ လူရတော့လည်း ကျွေးဖို့ မွေးဖို့၊ ဆေးကုဖို့၊ လေ့ကျင့်သင်တန်းပေးဖို့ ဒါတွေ လိုပြန်သေးတယ်။ မဆုံးနိုင်ဘူး လုပ်ရမယ့် အလုပ်က။ ရန်သူက ကိုယ့်ကို သမရိုးကျ စစ်ပွဲထဲ ဆွဲသွင်းတာကို ကိုယ့်ဖက်က နားလည်ထားဖို့ လိုတယ်။ ရေရှည်မှာ ကိုယ်က သမရိုးကျ စစ်ကို ဘယ်လောက် အချိန်ယူပြီး တိုက်နိုင်မလဲ။ စဉ်းစားဖို့ ဖြစ်ပါတယ်။

တိုတိုပြောရရင် တချိန်တုန်းက အိုင်ယာလန် သူပုန်တွေ လုပ်သလို လုပ်မှဖြစ်တော့မယ်။ စစ်ကြောင်းတွေနဲ့ ချီပြီး တိုက်ရ တာကို အကန့်အသတ်နဲ့ ထားထားဖို့ လိုတယ်။ အိုင်ယာလန်က အိုင်အာအေ သူပုန်တွေဟာ အိုင်ယာ လန်တောတောင် တွေထဲမှာ သူပုန်စစ်သားတွေနဲ့ ချီတက်ပြီး အင်္ဂလိပ်တွေကို တိုက်ခဲ့တာမဟုတ်ဘူး။ မြို့ပေါ်မှာ အစိုးရ ယန္တယားတွေကို တိုက်တယ်၊ ခွဲတယ်၊ အစိုးရလူတွေကို သုတ်သင်တယ်။ အိုင်အာအေဟာ စစ်ယူနီ ဖောင်း မဝတ်ဖူး။ သူလိုငါလို အဝတ် အစားတွေနဲ့ မြို့ပေါ်မှာသာ လှုပ်ရှားတယ်။ နောက်ဆုံးတော့ အင်္ဂလိပ် အစိုးရဟာ အိုင်ယာလန်တောင်ပိုင်းကို လွတ်လပ်ရေး ပေးလိုက်ရတယ်။

ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရေရှည်တိုက်ပွဲဝင်ဖို့ အိုင်အာအေ နည်းကို သုံးဖို့ လိုလာတယ်။ စစ်သွေးကြွအောင် မြှောက်ပေးတာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ဝန်နဲ့အားကို ပြောလိုတာသာ ဖြစ်ပါတယ်။ ဒီလိုနည်း ကို ရွေးရတာ ကလည်း အုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျလွန်းတဲ့ စနစ်ကြောင့်ပါ။ နောက်တချက်က နယ်စပ်တွေကို အားပြုပြီး တိုက်ရတော့ ထိုင်းမျက်နှာကြည့်ရ၊ တရုတ်မျက်နှာကြည့်ရ၊ ကုလားမျက်နှာကြည့်ရ ဖြစ်လာတယ်။ ရေရှည်မှာ ကိုဖက်က အရှုံးချည်းပဲ။ ဒါကြောင့် စစ်မြေပြင်ဟာ တောတောင်တွေထက် မြန်မာပြည်ထဲက မြို့တွေ သာ ဖြစ်သင့်တယ်။ သူပုန်တွေ အတွက် ခံစစ်သေ သဘောဟာ ရေရှည်မှာ နစ်နာတယ်။ ခံစစ်သေသဘောမှာ ရေရှည်ခံစစ်သေကော၊ ရေတိုခံ စစ်သေ ကော ဘယ်ဟာမှ မကောင်းဖူး။ ယာယီနာရီပိုင်း ခံစစ်သေမျိုးတောင် ခဏခဏကြုံလာရင် မကောင်းပါ။ ကျည်ဆံ သိပ်ဖြုန်း ရလို့ ဖြစ်ပါတယ်။ ကျည်ဆံက ဝယ်ရတာကိုး။ ကိုယ့်စက်ရုံ က ထွက်နေတယ်ဆိုရင်တော့ တမျိုးပေါ့။

ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်တာသာ အကောင်းဆုံးပါ။ တိုက်မယ့်သူကလည်း တိုက်သာတိုက်။ သို့ သော် ဘယ်နည်းနဲ့ တိုက်မှာလဲ။ တောထဲမှာ တိုက်မှာလား မြို့ထဲမှာ တိုက်မှာလား။ လမ်းရွေးရပါတော့မယ်။ အရင်တုန်းက အဝေးရောက်အစိုးရ ဖွဲ့ပြီးစ အတော်လေး အားကိုးရမယ်လို့ ထင်ခဲ့ကြတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေ ကမ္ဘာပတ်ပြီး ရှာဖွေပေးနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အောက်က လူတွေကလည်း ခင်ဗျားတို့သာရှာ ကျုပ်တို့ကတိုက်မယ်ဆိုတဲ့ ဝမ်းသာအားရ စိတ်မျိုး ရှိခဲ့ကြတယ်။ ဒါပေမယ့် အဝေးရောက်အစိုးရဟာ တိုက်ပွဲဝင်မယ့် အလုပ်မျိုး ကို ဘေးဖယ်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ လော်ဘီလုပ်တဲ့ ဂွင်မျိုးထဲမှာပဲ နေခဲ့တယ်။ ကုလသမဂ္ဂလို နေရာ မျိုးမှာ အစည်းအဝေး ထိုင်ရတာတွေကို ပိုပြီးနှစ်သက်သလို ဖြစ်ခဲ့တယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေ အတွက် ဘာမှ ဆောင်ရွက် မပေးနိုင်ခဲ့ဘူး။ အပြစ်တင်တာ မဟုတ်ပါ။ ပြန်ပြီးသုံးသပ်ပြတာသာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်တဲ့သူတွေအတွက် ဘာမှ လုပ်မပေးနိုင်ဘဲ လက်နက်ကိုင်နယ်ထဲမှာ လာပြီး အခြေစိုက်တာကိုက စမှားနေတယ်။ လက်နက်ကိုင် ဒေသခံ တွေ အဖွဲ့တွေအတွက် ကူညီတိုက်ပွဲ ဝင်တာမျိုး မဟုတ်တဲ့အတွက် ရေရှည်မှာ အဲသလို အဖွဲ့မျိုးတွေ တင်ကြွေး ထားရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်ခဲ့ရတယ်။ အဲသလို အဖွဲ့မျိုးတွေ အတော်များများ တောထဲမှာ ရှိခဲ့တယ်။ ကိုယ့်ဟာကို သိကြမယ်လို့ ပြောလိုပါတယ်။ မီဒီယာမှာ လူသိပိုများတာကလွဲလို့ စစ်ရေးလုပ်ငန်းအရ ဘာ အမြတ်မှ မထွက်ခဲ့ပါ။ ပြောခြင်တာကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်ကြဖို့ ပြောလိုရင်း ဖြစ်ပါ တယ်။ တိုက်မယ်ဆို လည်း တိုက်ပါ။ ကမ်ပိန်းလုပ်မယ့် သူကလည်း ကမ်ပိန်းလုပ်ပေါ့။ အကြမ်းမဖက်ကို ကြိုက်တဲ့သူက အကြမ်းဖက်နေတဲ့ နေရာဒေသ အတွင်းမှာ တလွှားလွှား လာလုပ်နေတာမျိုးကတော့ သရုပ် ပျက်တယ်။ ရောကျော် လုပ်တာမျိုးက မရိုးသားဟု ပြောလိုတယ်။

ရှေ့မှာ မြို့ပေါ်တိုက်ပွဲတွေ အုပ်တာတွေ နှက်တာတွေ များသထက်များလာရင် အကြမ်းဖက်သမားလို့ ပြောကြ ပါလိမ့်မယ်။ ပြောပါစေ။ ဒီလမ်းကို မိမိတို့က ကြိုက်လို့ရွေးတာ မဟုတ်ပါ။ နောက်ဆုံးရွေးစရာ မရှိလို့ ရွေးခဲ့ရ တာသာ ဖြစ်တယ်။ နောက်ဆုံး ပြောလိုတာက သမရိုးကျ စစ်တိုက်တဲ့နည်းကို လျှော့ပြီး မြို့ထဲတွေမှာ တိုက်ပွဲ ဝင်မှသာ အာဏာရှင်တို့ဖက်က ကိုယ့်ဖက်ကို အရေးစိုက်ပြီး တန်းတန်းတူတူ စကားပြောလာမှာ ဖြစ်ပါတယ်။ အဲသလိုပဲ အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် တွေလည်း ဝပ်ဆင်းသွားမှာ ဖြစ်ပါတယ်။ အရပ်ဝတ်ဝတ်ပြီး မြို့ပေါ် မှာသာ တက်ချကြပါလို့ နောက်ဆုံးအကြံပြုလိုပါတယ်။

ဇော်မင်း
၁၄ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၁ ခုနှစ်

2 comments:

Moe Myay said...

စိတ်ဝင်စားစရာ ကောင်းတယ်..အသေးစိပ်နည်းနည်းထပ်ပြောပေးနိုင်ရင် ပိုသဘောပေါက်မယ်..မြို့ ပေါ်ကို ဘယ်လိုနည်းနဲ့ ၀င်ရင်ရမလဲ
နောက် ပြည်ပမှာ ဒေါ်လာနဲ့ ၀နေတဲ့ သူတွေ ကို ပြတ်ပြတ်သားသား ဖော်ထုတ်..သင့်ပြီ.ထောက်ပံ့အကူတွေ တိုက်ရိုက်ရောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာလေး ထပ်ရေးစေလိုပါတယ်

blueskyforest said...

မြို့တွေမှာ ဟိုတလောက ဗုံးတွေတော့ ကွဲနေရှာသားပဲ။ ခက်တာက အာဏာပိုင်တွေနဲ့ မဆိုင်တဲ့နေရာတွေမှာ အကွဲများတော့ ဘယ်သူ့ကို မျက်စောင်းထိုးရမှန်း၊ ဘယ်သူ့ကို လက်ခုပ်တီးရမှန်း မသိနိုင်ပါ။ တည့်တည့် မလုပ်တဲ့ တော်လှန်ရေး ဆိုတော့လည်း စောင်းရှာမှာပေါ့လေ။ စောင်းရာကနေ ထိုးစိုက်၊ ငုတ်လျှိုး၊ မှေးမှိန်၊ ပျောက်ကွယ်ဆိုတာမျိုး မရောက်ဘူးလို့ မပြောနိုင်။ အိုင်ရာလန် တော်လှန် ရေးအကြောင်း ဒို့သူပုန်တွေ ကောင်းကောင်းသိရ အောင် ရေးစမ်းပါဦးဗျာ။ ကျန်းမာပါစေ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.